ငါးဝက်သည် ကကတစ်မျိုးတွင်ပါဝင်၍ မျိုးရင်းအမည်မှာ 'ပါစီဒေး'ဖြစ်သည်။ ထိုငါးကိုယ်သည် အနည်းငယ်ရှည်၍ ပြားသည်။ ပါးဟက်ပေါက်မှာ ကျယ်သည်။ မျက်စိသည် ဦးခေါင်းဘေးဖက်တွင် ရှိသည်။ မေးရိုး၌ သွားများရှိသည်။ ကျောဆူးတောင် ၂ ချောင်းပါသည်။ ကိုယ်မှာ အကြေးများ ဖုံးလျက် ရှိသည်။ ငါးဝက်နှင့် မျိုးချင်းနီးစပ်သော ငါးများမှာ ငါးဝက်ပန်းနီငါးဝက်စပ်နှင့် ငါးဇင်စပ်များ ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)