ငါ သူတစ်ပါး ယောက်ျား မိန်းမ

ငါ သူတစ်ပါး ယောက်ျား မိန်းမ သည် ၂၀၀၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် မြန်မာ့ရုပ်ရှင် ရုံတင်ဇာတ်ကား ဖြစ်သည်။ ငြိမ်းမင်း၏ ဇာတ်လမ်းကို နှစ်သက်သဖြင့် ပန်းချီ စိုးမိုးက ရေးလက်စကိုပင် ဝယ်ယူထားသည်။ ခင်ဇာခြည်ကျော်၏ ကြယ်တံခွန်ရုပ်ရှင်မှ ဇာတ်ညွှန်းအား သဘောကျသဖြင့် ပန်းချီ စိုးမိုးကို ရိုက်ကူးစေခြင်း ဖြစ်သည်။ ခင်ဇာခြည်ကျော် အဓိကဇာတ်ဆောင် ဖြစ်သည်။ ၂၀၀၂ ခု၊ ဒီဇင်ဘာတွင် စိစစ်ရေးတင်နိုင်ခဲ့သဖြင့် ၂၀၀၂ ခုထွက် ရုပ်ရှင်စာရင်းတွင် ပါဝင်သွားသော်လည်း ၂၀၀၃ ခုရောက်မှသာ ရုံတင်နိုင်သည်။ ဤဇာတ်ကားမှ အကောင်းဆုံးဇာတ်ကားဆု ရသည့်အပြင် ခင်ဇာခြည်ကျော်က အမျိုးသမီးဇာတ်ဆောင်ဆု၊ ငြိမ်းမင်း က ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ပန်းချီ စိုးမိုးက ဒါရိုက်တာဆု၊ ဇော်မင်း (ဟံသာမြေ) က တည်းဖြတ်မှု အကောင်းဆုံးဆုနှင့် ခင်မောင်ကြီးက ရုပ်ရှင်တေးဂီတဆု ရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ရစ်။ "အကယ်ဒမီ ခင်မောင်ကြီးနှင့် စကားပြောခြင်း"။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ အတွဲ ၂၂၊ အမှတ် ၇။ ၂၀၀၈၊ ဇူလိုင်။