ငါ (နာမ်စား)
ငါ (တရုတ်: 我; ဝို(ဝေါ်)၊ ရှေးဟောင်းအသံထွက်: ငါ)ဟူသည် ကြီးသူက ငယ်သူကို ဖြစ်စေ၊ ရွယ်တူတန်းတူချင်း ဖြစ်စေ ပြောဆိုရာ၌ မိမိကိုယ်ကို ရည်ညွှန်းသော စကားလုံး ဖြစ်သည်။
ဖြစ်ပေါ်လာပုံ
ပြင်ဆင်ရန်我 သည် ခေတ်သစ်တရုတ်ဘာသာတွင် ဝို(ဝေါ်)ဟု အသံထွက်ပြီး ငါဟု အဓိပ္ပာယ်ရသည်။ ရှေးဟောင်းတရုတ်ဘာသာ၌ ငါဟု အသံထွက်ခဲ့သည်။ ဤသို့ဖြင့် မြန်မာဘာသာ၌ မိမိကိုယ်ကို ရည်ညွှန်းသော ငါစကားလုံး ဖြစ်ပေါ်လာသည်။
အဓိပ္ပာယ်တူများ
ပြင်ဆင်ရန်- ကျွန်ုပ်
- ကျွန်တော် (အမျိုးသား) (အထက်မြန်မာပြည်၌ အမျိုးသမီးများပါ အသုံးပြု)
- ကျွန်မ (အမျိုးသမီး)
- ကျုပ်
- ကိုယ် (အမျိုးသား)
- သူများ (အမျိုးသမီး)
အသုံးပြုပုံ
ပြင်ဆင်ရန်ငါကို စကားပြောရာတွင် ကဖြင့် တွဲ၍ ငါကဟူ၍ လည်းကောင်း၊ စာရေးရာနှင့် သစ္စာဆိုရာတွင် သည်ဖြင့် တွဲ၍ ငါသည်ဟူ၍ လည်းကောင်းအသုံးပြုသည်။ စကားပြောရာ၊ စာရေးရာနှင့် သစ္စာဆိုရာ အစရှိသော နေရာများ၌ ဟာဖြင့် တွဲ၍ ငါဟာဟု အသုံးပြုနိုင်သည်။
ကိုးကား
ပြင်ဆင်ရန်- ငါ၏ အဓိပ္ပာယ်= ခရီးဆောင် မြန်မာအဘိဓာန် (၂၀၂၁ခုနှစ် စက်တင်ဘာလ)