ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ရေငုပ်လျှင် သဲတိုင်အောင်ငုပ်၊ သစ်ပင်တက်လျှင် အဖျားတိုင်အောင် တက်သကဲ့သို့ အလုပ်တစ်ခုကို မဆုတ်မနစ်သော ဇွဲဖြင့်လုပ်လျှင် ဆုံးခန်းတိုင် ပြီးမြောက်သည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "မညောင်းမကျင်၊ သစ်ပင်အဖျား၊ ငုပ်သွားသဲထိ၊ လုပ်မိကနား၊ ရှောင်ရှားမညှာ၊ လိုရာဖြစ်စေ၊" [၈၅၃] ပါမီ ၁၀၃။
- "ဟယ် ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်၊ ဘယ်အတွက် ကြောက်ရမတုံး။" [၁၂၇၅] စံပယ်။ ၅၀။
- "ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် အစွမ်းပေါက်သော လုံ့လဝီရိယ ..." [၁၂၉၆] မဉ္စရီ၊ ဒု၊ ၁၃၆။