ငြိမ်းချမ်းဆု (ပန်းချီဆရာ)

(ငြိမ်းချမ်းဆု မှ ပြန်ညွှန်းထားသည်)

ငြိမ်းချမ်းဆုသည် မော်ဒန်ပန်းချီလောကတွင် ထင်ရှားသော ပန်းချီဆရာ၊ ပါဖောမန့်စ်အနုပညာရှင်တစ်ဦး ဖြစ်သည်။ မြန်မာပြည်တွင် performance art ကို ဦးဆောင်မိတ်ဆက်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏ နာမည်အတိုကောက် NCS ဟုလည်းလူသိများပြီး သူ၏ပန်းချီများတွင်လက်မှတ်ထိုးရာ၌ ၎င်းစာလုံးကိုသာအသုံးပြုသည်။

ငြိမ်းချမ်းဆု
မွေးဖွား(၁၉၇၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၇)ဒီဇင်ဘာ ၁၇၊ ၁၉၇၃
တောင်ဥက္ကာပ၊ ရန်ကုန်မြို့
ကွယ်လွန်ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀(၂၀၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၂၄) (အသက် ၄၆)
ရန်ကုန်မြို့
အလုပ်အကိုင်ပန်းချီဆရာ
မိဘ(များ)ဦးညွန့်ရွှေ၊ ဒေါ်ညွန့်ညွန့်ရီ
ရရှိသည့်ဆုများအာဆီယံအနုပညာဆု (၂၀၀၁)

ဘဝအစနှင့် ပညာရေး ပြင်ဆင်ရန်

ပန်းချီဆရာငြိမ်းချမ်းဆုကို ၁၉၇၃-ခု၊ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် အဖ ဦးညွန့်ရွှေ (ကုန်သည်)နှင့် အမိ ကျောင်းဆရာမ ဒေါ်ညွန့်ညွန့်ရီ တို့မှ ရန်ကုန်မြို့၊ တောင်ဥက္ကာပတွင် မွေးဖွားသည်။

အနုပညာ​လောက ပြင်ဆင်ရန်

သူ၏ ပန်းချီလက်ဦးဆရာသည် ပန်းချီဆရာလှိုင်ဘွား ဖြစ်သည်။ [၁] ၁၉၉၄ ခုနှစ်တွင် ပန်းချီလောကသို့ စတင်ရောက်ရှိလာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးချမ်အေး၊ တင်ထွန်းလှိုင်၊ မင်းဇော် တို့နှင့်အတူStudio Square ပန်ချီပြခန်းကိုစတင်ထူထောင်ခဲ့သည်။ ငြိမ်းချမ်းဆု ခေါ် NCS သည် ပန်းချီဖြင့်လူသိများသော်လည်း အနုပညာနှင့်ပက်သက်လျှင်နယ်ပယ်ပေါင်းစုံ၌ ပါဝင်ပက်သက်ခဲ့သည်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး တေးရေး ဂျေမီရေးပြီး ဂျေမီနှင့်အိမ့်ချစ်တို့ သီဆိုထားသည့် မြစ်ဝှမ်းဇာတ်ညွှန်းတွင် ငြိမ်းချမ်းဆုပါဝင်သရုပ်ဆောင်ထားခဲ့သည်။

ငြိမ်းချမ်းဆု ခေါ် NCS သည် အဖွဲ့လိုက်ပြသမှုအနေဖြင့် ပြပွဲပေါင်း (၅၀) ကျော်ခန့်ပြသခဲ့သည်။ ပြည်တွင်းရော ပြည်ပတွင်ပါ တကိုယ်တော်ပြပွဲ (၂၀) ကျော်ပြသခဲ့သည်။ သူ၏အနုပညာများကို ပြည်ပနိုင်ငံများဖြစ်သော ဂျပန်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင်သွားရောက်ပြသခဲ့သည်။ ငြိမ်းချမ်းဆုသည် Mixed media အများအပြားကို အသုံးချခဲ့သည်။ သူ၏ အနုပညာထဲမှ အထူးထင်ရှားသော ပန်းချီလက်ရာများမှာ Dreamscape စီးရီး၊ NCS ၏ အခြားလက်ရာတစ်ခုမှာ မီနီယေချာဖြစ်သော Toy Soldiers ဖြစ်သည်။ ၎င်းမှာ လူတို့နေထိုင်ရာတွင် အလွယ်တကူတွေ့ရလေ့ရှိသော မီးပူ၊ ထွန်ခြစ်၊ ရွေပေါ်၊ သံမူလီ၊ ကြွက်ထောင်ချောက် စသည်များကို ကြေးသွန်းထားသည့် စစ်သားရုပ်ကလေးများနှင့်တွဲဖက်တင်ပြမှုဖြစ်သည်။ အခြားထူးခြားသောလက်ရာအနေဖြင့် ဗီနိုင်းအစ ပေါ်တွင် ရေးဆွဲခြင်းဖြစ်သည်။ ငြိမ်းချမ်းဆု သည် သူ၏ အဒေါ်ဖြစ်သည် ရှပ်ရှင်မင်းသမီးဟောင်း တိုးတိုးလွင်၏ ဓာတ်ပုံများအသုံးပြုပြီး ဗီနိုင်းစများပေါ်တွင် ပုံနှိပ်ထုတ်၍ ၎င်းပေါ်တွင်ထပ်ဆင့်ရေးဆွဲခြင်းဖြစ်သည်။

ငြိမ်းချမ်းဆုသည် ဝဿန်ရုပ်ရှင်ပွဲတော်၏ အထိမ်းအမှတ် ဆုတံဆိပ် ကိုဖန်တီးခဲ့သူလည်းဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် အာဆီယံအနုပညာဆု (ASEAN Art Awards) ၏ အသိအမှတ်ပြုခံရသည်။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့ခေတ်ပြိုင်ပန်းချီတွင် ဒုတိယဆု ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ River Gallery ၏ Myanmar National Portrait Awards တွင် အမြင့်မားဆုံးသောချီးကျူးမှုခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် စင်ကာပူအနုပညာပြတိုက်၏ Signature Art Prize တွင် သူ၏ ရွှေငါးဗီဒီယိုအနုပညာပြကွက်ကို စာရင်းတင်သွင်းခြင်းခံရသည်။ ဂျပန်နိုင်ငံဖူကူအိုကာ အာရှအနုပညာပြတိုက်နှင့်စင်ကာပူ အနုပညာပြတိုက်တို့က သူ၏လက်ရာများကို စုဆောင်းထားရှိသည်။[၂] တသီးပုဂ္ဂလ စုဆောင်းထားသူများမှာ ဆွစ်ဇာလန်၊ စင်ကာပူ၊ ဂျပန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကား၊ ဗြိတိန်နိုင်ငံများတွင် ရှိသော အနုပညာမြတ်နိုးသူများဖြစ်ပြီး၊ မြန်မာနိုင်ငံဘဏ်အသင်း၊ နိုင်ငံတကာကျောင်းများဖြစ်သော ILBC နှင့် YIS၊ ကမ္ဘောဇဘဏ် (ရန်ကုန်)၊ ဖီးလစ်မောရစ် ကုမ္ပဏီများအဖွဲ့၊ Charoen Pockhand Group of companies, Thailand တို့ဖြစ်ကြသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ငြိမ်းချမ်းဆုသည် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် ည ၈ နာရီ ၄၅ မိနစ်၊ ရန်ကုန်ဆေးရုံကြီးတွင် အသည်းရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။[၃] ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ၊ သမီး (၂) ယောက်နှင့် မြေးတစ်ယောက်ကျန်ရစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၁၄၅
  2. https://www.widewalls.ch/artists/nyein-chan-su
  3. ပန်းချီငြိမ်းချမ်းဆု၏ ပန်းချီပြပွဲ စင်ကာပူတွင်ကျင်းပမည်မဇ္ဈိမ သတင်းဌာန (၉ စက်တင်ဘာ ၂၀၁၃)။ ၉ စက်တင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်