ဟာဝါလား (ဟွန်ဒီ ဟုလည်းသိကြသည်) သည် တရားမဝင်သည့်ငွေလွှဲစံနစ်ဖြစ်ပြီး၊ လုပ်ဆောင်မှု နှင့် ငွေကြေးပွဲစားများ၏ကြီးမားသည့်ကွန်ရက်တစ်ခုရှိ ဂုဏ်သိက္ခာ အပေါ်တွင် အခြေခံ ထားသည်။ ထိုငွေလွှဲခြင်းသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာဖရိက ဦးချိုဒေသ နှင့် တောင်အာရှ တို့ မှစတင်ဖြစ်ပေါ်လာ ခဲ့သည်။

US Dollar Notes.
ကမ္ဘာတစ်ဝန်းတွင် ရေပန်းအစားဆုံးငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာ ငွေစက္ကူများ

မူလအစများ ပြင်ဆင်ရန်

ဟာဝါလားတွင် သူ၏မူလအစများသည် ဂန္ဓဝင် အီတလီဥပဒေတွင် အေဗာလို ကဲ့သို့သော အများနှင့်သက်ဆိုင်သည့်ဥပဒေ နှင့် မြို့ပြဥပဒေများတွင် ကိုယ်စားလှယ်လုပ်ငန်း၏ ဖွံ့ဖြိုးလာမှုကို လွှမ်းမိုးထားခဲ့သည်။ အေဗား နှင့် အေဗာလို တို့၏ အခေါ်အဝေါ်များ သည် ဟာဝါလားမှဆင်းသက်လာသည်။ အကြွေးလွှဲပြောင်းခြင်းကို ရောမဥပဒေအောက်တွင်ခွင့်မပြုထားသော်လည်း၊ အလယ်ခေတ် ဥရောပအထူးသဖြင့် ကုန်ပစ္စည်းရောင်းဝယ်ရေး တွင် ကျယ်ပြန့်စွာကျင့်သုံးလာခဲ့သည်။ ကုန်ကြွေးလွှဲပြောင်းခြင်းသည် အီတလီမြို့ကြီးများနှင့် မွတ်ဆလင်ကမ္ဘာတို့ အလယ်ခေတ်တွင် ကုန်သွယ်မှုအမြောက်အမြား လုပ်ဆောင်ခဲ့မှု ကြောင့်ဖြစ်သည်။ ကိုယ်စားလှယ်လုပ်ငန်းသည် တစ်ဦးတစ်ယောက်သည် သူ၏ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု၍ သဘောတူစာချုပ်တစ်ခုကို အပြီးသတ်နိုင်ခြင်း မရှိစေရ ဆိုသလို ရောမဥပဒေတွင် မသိရှိသည့် အဖွဲ့အစည်းတစ်ခု လည်းဖြစ်သည်။ ရောမဥပဒေတွင် သဘောတူတာဝန်ခံဆောင်ရွက်သူ ကိုယ်တိုင်သည် သဘောတူချုပ်ဆိုထားခြင်း ကို ကူညီပံ့ပိုးသူ ဟုသုံးသပ်ထားပြီး၊ ၎င်းအားသဘောတူစာချုပ်မှ ပေးအပ် ထားသည့် အခွင့်အရေးများ နှင့် တာဝန်သိရှိမှုများ လွှဲပြောင်းရန်အလို့ငှာ စည်းမျဉ်းအရ ဆောင်ရွက် သူတစ်ဦးနှင့် ဒုတိယသဘောတူစာချုပ် ချုပ်ဆိုသည်။ အခြားတစ်ဘက်တွင် အစ္စလမ်ဥပဒေ နှင့် နောက်ပိုင်း အများနှင့်သက်ဆိုင်သည့်ဥပဒေတို့တွင် သဘောတူစာချုပ်များနှင့် ယေဘူယျတာဝန်သိရှိမှုများနယ်ပယ်တွင် ထိုအဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ်လက်ခံရန်မခက်ခဲတော့ပါ။ ဟာဝါလားသည်အလယ်ခေတ်အစောပိုင်းကာလ အရင်းအနှီးကုန်သွယ်ရေးဗဟိုချက်များထွက်ပေါ်လာသည့် အချိန်အတောအတွင်းတွင်အလှမ်းဝေးလွန်းသည့် ကုန်သွယ်ရေး ငွေပေးငွေယူလုပ်ငန်းမှ ဖြစ်ပေါ်လာသည် ဟု ယုံကြည်ရစေသည်။ တောင်အာရှတွင် ဤလုပ်ငန်းသည် ပြည့်စုံသည့်ငွေကြေးဈေးကွက်အသုံး ပြုပစ္စည်းအဖြစ်သို့ ဖွံ့ဖြိုးလာသည်ကို မြင်တွေ့ရသည်။ ဤလုပ်ငန်းကို တစ်ခုတည်းသော တရားဝင် ဘဏ်စံနစ်၏ အသုံးပြုပစ္စည်းအဖြစ်ဖြင့် ၂၀ ရာစု၏ပထမနှစ်ဝက်၏တစ်ဝက်တွင် တစ်ဖြည်းဖြည်းအစားထိုးလာခဲ့သည်။ ယနေ့ခေတ်တွင် ဟာဝါလားသည် ရွှေ ့ပြောင်းအလုပ်သမားများ ကသူတို့၏မူရင်းနိုင ငံများသို့ ငွေပြန်ပို့ရာတွင် အများဆုံး အသုံးပြုသည်။

ဟာဝါလားအလုပ်လုပ်ပုံ ပြင်ဆင်ရန်

ဟာဝါလားစံနစ်၏ အများဆုံးအခြေခံကွဲပြားမှုအမျိုးမျိုးတွင် ငွေများကို ငွေလွှဲပွဲစားများ သို့မဟုတ် ငွေလွှဲသူများ၏ ကွန်ရက်တစ်ခု မှတစ်ဆင့် လွှဲပြောင်းကြခြင်းဖြစ်သည်။ ငွေလွှဲမည့်သူတစ်ဦးသည် မြို့ တစ်မြို့ ရှိ ငွေလွှဲပွဲစားတစ်ဦးထံ ချဉ်းကပ်ပြီး အခြားတစ်နေရာရှိ၊ ပုံမှန်အားဖြင့် နိုင်ငံခြားမြို့တစ်မြို့ မှ ငွေလက်ခံမည် သူတစ်ဦးဆီသို့ လွှဲပြောင်းပေးသည်။ ငွေလွှဲပွဲစားသည် ငွေလက်ခံမည့်သူ၏မြို့ ရှိ ငွေလွှဲပွဲစားဆီသို့ ခေါ်ယူပြီး အပ်နှံထားငွေပမာဏ နှင့် ညွန်ကြားချက်များ (ထုံးစံအတိုင်း ငွေလွှဲခအနည်းငယ် နှုတ်ပြီး) ပေး၍ နောက်ရက်တစ်ရက်တွင် အကြွေးကို ဖြေရှင်းပေးမည်ဟု အာမခံသည်။

စံနစ်၏သူမတူသည့်ထူးခြားမှုမှာ ငွေလွှဲပွဲစားများအကြား ဂတိစကားပါသောပစ္စည်းများ ဖလှယ်ခြင်း မရှိဖြစ်သည်။ လွှဲပြောင်းမှုသည် ရိုးသားမှုစံနစ်အပေါ်တွင် လုံးဝပုံအပ်ထားသည်။ စံနစ်သည် ဥပဒေအရတောင်းဆိုချက်များ၏ တွန်အားပေးနိုင်မှုအပေါ် အမှီသဟဲ မပြုလုပ်သည်ဖြစ်၍၊ ဤလုပ်ငန်းသည် ဥပဒေနှင့်ဥပဒေကျင့်ထုံးများ မရှိသည့်နေရာတွင်ပင်လျှင် လုပ်ကိုင်နိုင်သည်။ တစ်ဦးချင်းငွေလွှဲများ၏လုပ်ကိုင်ပေးမှုကို မှတ်တမ်းမထားရှိပါ။ ပွဲစားတစ်ဦးမှ အခြားတစ်ဦးသို့ တင်ရှိနေသည့် လည်ပတ်နေသောစုစုပေါင်းကိုသာ မှတ်သားထားရှိသည်။ ငွေလွှဲပွဲစားအကြား အကြွေးဖြေရှင်းမှုသည် ပုံစံအမျိုးမျိုးဖြင့်ရှိနေပြီး၊ တိုက ရိုက်ငွေသားလွှဲပြောင်းခြင်းပုံစံကို သုံးရန်မလိုအပ်ပါ။

ငွေလွှဲခများအပြင် ငွေလွှဲပွဲစားများသည်ထပ်မံ၍ တရားဝင် ငွေလွှဲနှုန်းများ ပြောင်းလဲခြင်းဖြင့် သူတို့အတွက် အမြတ်များရရှိသည်။ ယေဘူယျအားဖြင့် စံနစ်အတွင်းသို့ဝင်လာသည့်ငွေများသည် မူရင်းနိုင်ငံမှ ငွေကြေး များဖြစ်ပြီး၊ စံနစ်မှထွက်သွားသည့်ငွေသည် လက်ခံသည့်နိုင်ငံ၏ ငွေကြေးများဖြစ်သည်။ ဖြေရှင်းမှုများကို မည်သည့်နိုင်ငံခြားငွေနှင့်မျှ လွှဲပြောင်းမှုမပြု လုပ်ကြဘဲ၊ သူတို့သည် တရားဝင်ငွေလွှဲနှုန်းများထက် အခြားသောနည်းများကို လုပ်နိုင်ကြသည်။

ဟာဝါလားသည် ဖောက်သည်များကို ဆွဲဆောင်မှုရှိနေရခြင်းမှာ အမြန်ဆောင်ရွက်ပေးနိုင်ခြင်း နှင့် လွှဲပြောင်းမှုတွင် အဆင်ပြေချောမွတ်ခြင်းတို့ကြောင့်ဖြစ်ပြီး၊ အမြဲလိုလို ဘဏ်များမှယူသည် အခငွေထက် အတာများများ လျော့နည်းသည်။ သူ၏အားသာချက်မှာ ငွေလက်ခံသည့်နိုင်ငံသည် ပုံ မှန်မဟုတ်သည့်ငွေလဲ နှုန်းစည်းမျဉ်းများ အသုံးပြုနေသည့်အချိန်အခါတွင် (ပါကစ္စတန် သို့မဟုတ် အီဂျစ် ကဲ့သို့သောများစွာ သော တစ်မူထူးသည့် လက်ခံနိုင်ငံများအတွက် အကြောင်းတစ်ရပ်အဖြစ်) သို့မဟုတ် လက်ခံမည့် နိုင်ငံရှိ ဘဏ်လုပ်ငန်းစံနစ်သည် ရှုပ်ထွေးမှု နည်းသည့် အချိန်အခါတွင် (ဥပမာ၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ဆိုမားလီးယား ကဲ့သို့သော နေရာများရှိ ဥပဒေပတ်ဝန်းကျင်သည် အမျိုးမျိုးကွဲပြားနေသောကြောင့်) အများဆုံးသိသာထင်ရှားသည်။ ထို့အပြင် လွှဲပြောင်းမှုများသည် နည်းလမ်းမကျခြင်း နှင့် အစိုးရများမှ ထိရောက်စွာ စည်းကမ်းတကျ မထိမ်းချုပ်နိုင်သဖြင့်၊ လွှဲပြောင်းမှုသည် ဖောက်သည်များအတွက် အခွန်၊ ငွေကြေးထိမ်းချုပ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် အခြားသောဥပဒေနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ နှင့်အတူ အဓိကအားသာချက် တစ်ခုဖြစ်သည်။ တူညီသည့်အကြောင်းပြချက်များအတွက် အစိုးရများသည် ဤငွေလွှဲစံနစ်ကို မျက်နှာသာ မပေးပါ။ အကြမ်းဖက်သမား ထောက်ပံ့ငွေများသည် ဟာဝါလားကွန်ရက်များမှတစ်ဆင့် ရံဖန်ရံခါ လက်ပြောင်းရောက်ရှိသွားသည်ဟု မကြာမှီနှစ်များအတွင်းက စွပ်စွဲပြောဆိုချက်များ ပြုလုပ်ခဲ့သည်။

ဟွန်ဒီ ( ငွေလွှဲဖြတ်ပိုင်း) ပြင်ဆင်ရန်

ငွေစက္ကူနှင့်ဆင်တူသည့်တစ်ခုအပေါ်တွင် ဟွန်ဒီသည် တရားဝင် ငွေရေးကြေးရေးအသုံးပြုပစ္စည်းအဖြစ် ရည်ညွှန်းထား ပြီး၊ အိန္ဒိယတိုက်ငယ်တွင် တ ဖြည်း ဖြည်းဖြစ်ပေါ်လာခဲ့သည်။ ထိုငွေလွှဲခြင်းကို ကုန်သွယ်ရေး နှင့် အကြွေးငွေလွှဲပြောင်းရာတွင် သုံးစွဲခဲ့သည်။ တစ်နေရာမှ တစ်နေရာသို့ ငွေများလွှဲပြောင်းခြင်း ရည်ရွယ်ချက်အတွက် ငွေလွှဲအသုံးပြုပစ္စည်းအဖြစ် ဟွန်ဒီကိုသုံးစွဲခဲ့ကြသည်။ လွန်ခဲ့ပြီးဖြစ်သော ဘုရင်များ နှင့် ဗြိတိသျှအာဏာ ရှိခဲ့စဉ်ခေတ်တွင် ထိုဟွန်ဒီများကို ခရီးသွားချက်လက်မှတ်အဖြစ် အသုံးချခဲ့သည်။ ဟွန်ဒီများကို ငွေချေးရန်နှင့် ကုန်သွယ်ရေးငွေလွှဲပြောင်းခြင်းများတွင် ငွေလွှဲလက်မှတ်များအဖြစ် သုံးစွဲရန်တို့အတွက် အကြွေးအသုံးပြုပစ္စည်းအနေဖြင့်လည်း သုံးစွဲခဲ့ကြသည်။

နည်းပညာအရ ဟွန်ဒီတစ်ခုသည် စာဖြင့်ရေးသားထားသည့် ခြွ င်းချက်မရှိသောအမိန့်တစ်ခုကို လူတစ်ဦးမှ ပြုလုပ်ပြီး အခြားသူတစ်ဦးသို့ အမိန့်တွင်နာမည်ဖော်ပြထားသည့်သူအား ငွေမည်၍မည်မျှပေးရမည်ကို ညွှန်ကြားထားခြင်းဖြစ်သည်။ နည်းလမ်းမကျသည့်စံနစ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသဖြင့် ဟွန်ဒီသည် ယခုအခါတွင် တရားဝင်အနေအထား မရှိတော့၍၊ ညှိနိုှုင်း၍ရသောပစ္စည်းများအက်ဥပဒေ၊ ၁၈၈၁ အောက်တွင် အကာအကွယ် မပေးထားပါ။ ဟွန်ဒီများကို တိုင်းရင်းငွေသွင်းငွေထုတ်လုပ်ငန်းများမှ ချက်လက်မှတ်များအဖြစ် အများဆုံးသုံးစွဲကြသည်။

အင်ဂါဒီးယား ပြင်ဆင်ရန်

အင်ဂါဒီးယားစကားလုံး၏အဓိပ္ပာယ်မှာ အထူးဆက်သား ( ဟင်ဒီဘာသာစကားတွင် ) ဖြစ်သည်။ သို့သော် နိုင်ငံအတွင်း(အိန္ဒိယ)၌ ဟာလာဝါးလုပ်သူများအတွက်လည်း ထိုအခေါ်ဝေါ်ကို သုံးစွဲခဲ့သည်။ ထိုသူများသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အပြိုင်ဘဏ်စံနစ်တစ်ခုအဖြစ် အများဆုံး အသုံးပြုကြသည်။ သူတို့သည် ဆောင်ရွက်ခအဖြစ် တစ်မြို့မှတစ်မြို့သို့ ငွေလွှဲပြောင်းရာတွင် တစ်ကြိမ်တွင် ဝ.၂ မှ ဝ.၅ % ပတ်ဝန်းကျင်သာယူသည်။


ကိုးကား ပြင်ဆင်ရန်