“စကားပုံမေတ္တာစာ” ကို ကျည်းကန်သျှင်ကြီး သျှင်နန္ဒဇေ (မြန်မာ ၁၁၁၉ - ၁၁၇၅)က ရေးသားခဲ့သည်။

၁။ ချစ်သည်၊ ခင်သည်၊ ကြင်သည်၊ ကျွမ်းသည်မှန်စေ၊ ရန်သူတွေ့က စွန့်စားခဲသည်။

သားချင်းပေါက်ဖော်တော် နီးစပ်သည်မှန်စေ၊ ပေးကမ်းခဲသည်။
မြဲစွဲခယမ်း၍ ထမ်းရွက်သည်မှန်စေ၊ အရှင့်အကျိုးကို ဆောင်ခဲသည်။
ကြီးကဲသည်မှန်စေ၊ ညီညွတ်အောင် စီရင်ခဲသည်။
ပညာရှိသော်လည်း၊ သတိရခဲသည်။
အစကောင်းမှ၊ အနှောင်းသေချာသည်။
အမြော်အမြင်ရှိမှ၊ ဆင်ခြင်သည်။
အရံအတားရှိမှ၊ လုံခြုံသည်။
အကြောက်ရှိမှ၊ အရှက်ပါသည်။
အကျစ်အလျစ်ရှိမှ ထိန်းသိမ်းသည်။
အလုပ်အဆောင်ကောင်း၏၊ အပေါင်းမတ်နှင့် မပြည့်စုံ။
ဂုဏ်သတင်းရှိ၏၊ မတတ်။
စာပေတတ်၏၊ မပြောဆိုနိုင်။
စကားတတ်၏၊ မတည်။
အသွင်အပြင်လှ၏၊ မလိမ္မာ။
သာယာချေငံ၏၊ သဘောမဖြောင့်။
ထိန်းသိမ်း၏၊ မလုံခြုံ။
သတိထား၏၊ မဆင်ခြင်။
အစကောင်း၏၊ အဆုံးမတိုင်။
အခွင့်ရ၏၊ အထမြောက်အောင်မချွံ။
ကျွမ်းကျင်၏၊ မကြည့်ရှု။
အစုစုဖြင့်၊ မှတ်ရှုဖွယ်သာ၊ မေတ္တာစာကို၊ မခြားနေ့ည၊ လေ့ကျက်ကမူ၊ လောကတွင်လည်း၊ မျက်မြင်ကောင်းကျိုး၊ ရှေ့တက်တိုးလိမ့်။

၂။ ပညာကို တန်ဆောင်၊ သီလကို ဂန္ဓာယောင်၊ ဝီရိယကို ရွှေဂူချောင်၊ သမာဓိကို မြင်းမိုရ်တောင်၊ မာနကို မြေအယောင်၊ စာဂကို တွေ့မရှောင်နှင့်၊ ပညာရှာမာန် သာနှိမ့်ချထား၊ သီလရှာ ကိုယ်သာလွန်ကြိုးစား၊ သုတရှာ ပမာသူဖုန်းစား၊ တတ်ကားတတ်၏၊ အမှတ်မရှိ သူလည်းတစ်ယောက်၊ တတ်လည်းတတ်၏၊ အမှတ်ရှိသူလည်းတစ်ယောက်၊ သင်လည်းသင်၏၊ အမြင်မရှိသူလည်းတစ်ယောက်၊ အမှန်ကိုသိလျက်နှင့် အကျင့်တန်သည်၊ အမှန်ကိုသိလျက်နှင့် အငြင်းသန်သည်၊ အမှန်ကိုသိမှ၊ ကဝိခံရာသည်၊ ဉာဏ်ရှိမှ ဟုတ်ရာမြင်သည်။

၃။ ရွှေရိပ် ငွေရိပ် လေရိပ် မိုးရိပ်ထက်၊ လူရိပ်ကို အလွန်တရာ သိရခဲသည်။

အထဲနှင့်ပြင်ကို၊ ဆင်ခြင်ထောက်ညှိ၍၊ သတိကို အဆွေခင်ပွန်းပြုမှ၊ လူမှုကိုနားလည်မည်။

[]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၃၆။