စက္ကတဲစေတီတော် သည် မင်းဘူးမြို့၊ စက္ကတဲတောင်ထိပ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် စူဠပုဏ်၊ မဟာပုဏ်ညီနောင်တို့က ပင့်လျှောက်သဖြင့် မြတ်စွာဘုရားသည် သုနာပရန္တတိုင်း၊ ဝါဏိဇ္ဇဂါမရွာသို့ ကြွခဲ့သည်။ ထို့နောက် မြတ်စွာဘုရားသည် စန္ဒကူးကျောင်းတော်တွင် သီတင်းသုံးတော်မူပြီးနောက် ပြန်ကြွချိန် ရောက်လာ၏။ ထို့နောက် မြတ်စွာဘုရားသည် မင်းဘူးမြို့တောင်ဘက် စက္ကိန်းတဲတောင်ထိပ်သို့ ရောက်လေသည်။

ထိုတောင်ထိပ်တွင် သိကြားမင်းသည် ဘုရားရှင်အား ရတနာမြသလွန်ကို လှူဒါန်း၏။ ထိုနေရာတွင် မြတ်စွာဘုရားသည် ယာယီသီတင်းသုံးတော်မူ၏။

ထိုသီတင်းသုံးရာ နေရာတွင် စေတီတည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီကို ရှင်ပင်စက္ကိန်းတဲစေတီတော်ဟု ခေါ်ဆိုခဲ့ကြသည်။ နောင်အခါ စက္ကတဲစေတီတော်ဟု ခေါ်တွင် လာခဲ့ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၀၁။