(၆)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ရာဟုလာ၏ လျှောက်ထားချက်အရ-စက္ခုအစရှိသော အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို တစ်ပါးစီ တစ်ပါးစီ အနတ္တလက္ခဏသုတ်ဒေသနာတော်အတိုင်း ဟောတော်မူသည့်သုတ်။


[၂] အနီးသို့ရောက်ရှိလာသော ရာဟုလာအား အထက်ပါသုတ်ဒေသနာတော် နည်းဖြင့် အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို တစ်ပါးစီ တစ်ပါးစီ ဟောတော်မူသည့်သုတ်။


[၃] သဒ္ဓါနုသာရီသောတာပန်ပုဂ္ဂိုလ်နှင့် ဓမ္မာနုသာရီသောတာပန်ပုဂ္ဂိုလ်တို့၏ ဉာဏ်အမြင်ဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဤပုဂ္ဂိုလ်များသည် “ဌိတကပ္ပိ”ပုဂ္ဂိုလ်ဖြစ်ပုံကို ဖွင့်ပြထားပါသည်။


[၄] မျက်စိ၏စ၍ဖြစ်မှုသည် ဒုက္ခ၏ စ၍ဖြစ်မှု၊ မျက်စိ၏ တည်တံ့မှုသည် ရောဂါတို့၏ တည်တံ့မှု၊ မျက်စိ၏ အသစ်ဖြစ်ပေါ်မှု, ထင်ရှားဖြစ်ပေါ်မှုသည် ဇရာ, မရဏ၏ အသစ်ဖြစ်ပေါ်မှု ထင်ရှားဖြစ်ပေါ်မှုဟူ၍လည်းကောင်း၊ မျက်စိ၏ချုပ်မှုသည် ဒုက္ခချုပ်မှု, မျက်စိ၏ငြိမ်းမှုသည် ရောဂါတို့၏ငြိမ်းမှု၊ မျက်စိ၏ကွယ်ပျောက်မှုသည် ဇရာမရဏတို့၏ ကွယ်ပျောက်မှု-ဟူ၍လည်းကောင်း အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို တစ်ပါးစီ တစ်ပါးစီ ဟောတော်မူသည့်သုတ်။


[၅] မျက်စိ၌ လိုချင်တပ်မက်မှုသည် စိတ်၏ ညစ်ညူးမှုမည်၏-အစရှိသည်ဖြင့် အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို တစ်ပါးစီ တစ်ပါးစီ ဟောတော်မူပြီး ဤ (၆)ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီးသော ရဟန်း၏စိတ်သည် နေက္ခမ္မနိန္ဒ, နေက္ခမ္မပရိဘာဝိတ, အဘိညာသစ္ဆိကရဏီယဓမ္မ ကမ္မနိမိတ်ဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၆] မံသစက္ခု၊ ဒိဗ္ဗစက္ခု အတုမရှိသော ပညာစက္ခု-ဟု စက္ခုသုံးပါးကို ဘုရားရှင် ဟောတော်မူပုံ၊ မံသစက္ခုသည် ဒိဗ္ဗစက္ခု၏အကြောင်းဖြစ်ပုံ၊ အတုမရှိသော အာသဝက္ခယဉာဏ်ဟူသော ပညာစက္ခုကိုရခြင်းကြောင့် ဒုက္ခအားလုံးမှ လွတ်မြောက် ၏-ဟု ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။

အဋ္ဌကထာ၌ အကျယ်ဖွင့်ပြချက်များ များစွာ ပါရှိပါသည်။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၃၉။ သံ၊မြန်၊၁၊၄၂၈။ သံ၊ဋ္ဌ၊၂၊၁၉၆။ သံ၊ဋီ၊၂၊၁၇၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၇-ရာဟုလသံယုတ္တ၊ ပဌမဝဂ်၊ ပဌမသုတ်။
  2. -သံ၊၁၊၄၄၂-၃။ သံ၊မြန်၊၁၊၄၃၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ ၇-ရာဟုလသံယုတ္တ၊ ဒုတိယဝဂ်၊ ပဌမသုတ်။
  3. -သံ၊၂၊၁၈၆။ သံ၊မြန်၊၂၊၁၇။ သံ၊ဋ္ဌ၊၂၊၃၁၇။ သံ၊ဋီ၊၂၊၂၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၄-ဩက္ကန္တသံယုတ္တ၊ ပဌမသုတ်။
  4. -သံ၊၂၊၁၉၀။ သံ၊မြန်၊၂၊၁၈၁။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၅-ဥပ္ပါဒသံယုတ္တ၊ ပဌမသုတ်။
  5. -သံ၊၂၊၁၉၄။ သံ၊မြန်၊၂၊၁၈၄။ သံ၊ဋ္ဌ၊၂၊၃၁၈။ သံ၊ဋီ၊၂၊၂၇၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၆-ကိလေသသံယုတ္တ၊ ပဌမသုတ်။
  6. -ဣတိဝုတ်၊၂၃၁။ ဣတိဝုတ်၊မြန်၊၂၁၅။ ဣတိဝုတ်၊ဋ္ဌ၊၁၉၆-၈။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ၃-တိကနိပါတ၊ ဒုတိယဝဂ်၊ ဒုတိယသုတ်။
  7. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ