စကြဝဠာဗေဒ (ပါဠိ: စက္ကဝါဠဝေဒ) (ခေါ်) လောကဗေဒ အင်္ဂလိပ်: Cosmology) သည် ဧကလောက(Universe) ဖြစ်ပေါ်ပြောင်းလဲ‌နေပုံများ နှင့် လောက(Universe) အတွင်း မိမိတို့နှင့်အတိတ်-အနာဂတ် သက်ရောက်မှု ရှိသော[] သက်ရောက်လောက (Observable Universe) ကဲ့သို့ တိုင်းဝန်းတာ(scale) ကြီးမားသော အဝန်းအစုတို့၏ ဖွဲ့စည်းပုံများကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအား လေ့လာသောအပိုင်းနှင့် သီအိုရီပိုင်းဟူ၍ ကွဲပြားသေးသည်။ ရုပ်ပိုင်းဆိုင်ရာလေ့လာမှုတွင် ရူပဗေဒနက္ခတ္တရူပဗေဒနှင့် ပူးတွဲကာ ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများတို့ကို လေ့လာသည်။ သီအိုရီပိုင်းတွင် သိပ္ပံနည်းကျ လေ့လာချက်များအပါဝင် သိပ္ပံနည်းကျမဟုတ်သောနည်းများလည်း ပါဝင်သည်။[]

Hubble eXtreme Deep Field (XDF) သည် ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာဖြင့် အဝေးဆုံးမှ ကြယ်စုများ ဓာတ်ပုံ။ အစက်ကလေးတိုင်းသည် ကြယ်စု တစ်ခုစီကို မြင်‌နေရခြင်း ဖြစ်ပြီး သက်တမ်းအားဖြင့် ၁၃.၂ ဘီလီယံနှစ်ရှိကာ လေ့လာနိုင်သော လောက(Universe)၌ ကြယ်စုပေါင်း ၂ ထရီလီယံရှိသည်ဟု တွက်ချက်ထားသည်။[]
  1. Karl Hille:Hubble Reveals Observable Universe Contains 10 Times More Galaxies Than Previously ThoughtNASA (October 13, 2016)။ October 17, 2016 တွင် ပြန်စစ်ပြီး။
  2. A First Course in General Relativity
  3. "Introduction: Cosmology – space". New Scientist. 4 September 2006