စကြာသီဟစေတီတော် သည် မန္တလေးတွင် တည်ရှိသည့် ထင်ရှားသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ၁၈၂၄ ခုနှစ် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအစတွင် ဘကြီးတော်မင်းက အင်းဝတွင် ကြေးနီဖြင့် ပြုလုပ်ခဲ့သည် ဗုဒ္ဓရုပ်ပွားတော်သည် ထင်ရှားသည်။ ထို့နောက် ဒုတိယအင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် ထိုရုပ်ပွားတော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ တတိယအကြိမ် စစ်ဖြစ်ပွားသည့် ၁၈၈၅ ခုနှစ်တွင် မန္တလေးမြို့သို့ ပြောင်ရွှေ့ခဲ့သည်။ စေတီတော်ကိုမူ ၁၈၈၄ ခုနှစ်တွင် တည်ခဲ့ကြပြီး ရွှေတချောင်းတူးမြောင်း၏ အရှေ့ဘက်ကမ်းခြေရှိ ဈေးချို၏ တောင်ဘက်တွင် တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်