စင်္ကာပူရေလက်ကြား သည် ရီအူးကျွန်းစုနှင့် စင်္ကာပူကျွန်းအကြားရှိ ရေလက်ကြားဖြစ်ပြီး ၁၁၄ ကီလိုမီတာ (၇၁ မိုင်) မျှ ရှည်ပြီး ၁၆ ကီလိုမီတာ (၁၀ မိုင်) ခန့် ကျယ်သည်။ အနောက်ဘက်တွင် မလက္ကာရေလက်ကြားရှိပြီး အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ် တည်၏။ မြောက်ဘက်တွင် စင်္ကာပူရှိပြီး တောင်ဘက်ရှိ ရီအူးကျွန်းစုမှ အင်ဒိုနီးရှားပိုင် ဖြစ်သည်။ ရေပိုင်နယ်ကို ဤရေလက်ကြားအား မျှ၍ ခွဲခြား၏။

စင်္ကာပူရေလက်ကြားမြေပုံ

စင်္ကာပူပိုင် ဂျူရောင်းကျွန်းနှင့် အခြားကျွန်းငယ်များမှာ ဤရေလက်ကြားအတွင်း ရှိသည်။ နေ့စဉ် ကုန်ကူးသင်္ဘော ၂,၀၀၀ မျှ အဝင်အထွက်ပြုသည့် စင်္ကာပူသင်္ဘောဆိပ်အတွက် ရေနက်လမ်းကြောင်းအဖြစ် ထောက်ပံ့နေ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. Liang, Annabelle; Maye-E, Wong (August 22, 2017). "Busy waters around Singapore carry a host of hazards". Navy Times. Around 2,000 merchant ships travel in the area every day, Tan estimated.