စင်ကာပူ လေကြောင်းလိုင်း
စင်ကာပူလေကြောင်းလိုင်း လီမိတက် (အင်္ဂလိပ်: Singapore Airlines Limited; အတိုကောက် အက်စ်အိုင်အေ (SIA)) သည် စင်ကာပူနိုင်ငံ အလံတင်ထားသော လေကြောင်းလိုင်း ဖြစ်သည်။ စင်ကာပူ လေကြောင်းလိုင်းသည် ချန်ဂီလေဆိပ် တွင် အခြေစိုက်၍ ပြေးဆွဲပြီး အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ နှင့် ဩစတြေးလျ နှင့် ယူနိုက်တက် ကင်းဒမ်း ကြားရှိ တိုင်းပြည်များတွင် ခိုင်မာသော တောင့်တင်းသော ဈေးကွက် ရှိသည်။ အက်စ်အိုင်အေသည် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပျံသော လေကြောင်းခရီးစဉ်များကိုလည်း ပျံသန်းပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး စီးပွားဖြစ် ခရီးစဉ်နှစ်ခုဖြစ်သည့် စင်ကာပူ မှ နယူးယောက်မြို့ နှင့် လော့စ်အိန်ဂျယ်လိစ်မြို့ များသို့ အဲယားဘတ်စ် A340-500 ဖြင့် ပြေးဆွဲလျက် ရှိသည်။
| |||||||
တည်ထောင် | ၁ မေ ၁၉၄၇ | (မလာယန် အဲယားဝေး အနေဖြင့်)||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ၁ အောက်တိုဘာ ၁၉၇၂ | ||||||
မိခင်ဌာန | စင်္ကာပူ ချန်ဂီ လေဆိပ် | ||||||
ဖောက်သည်အစီအစဉ် |
| ||||||
အနားယူနေရာ | SilverKris Lounge The Private Room KrisFlyer Gold Lounge First Class Reception Lounge | ||||||
မိတ်ဖက် | စတား အလိုင်းယင့် | ||||||
ပူးပေါင်းကုမ္ပဏီ | Budget Aviation Holdings[၁] SilkAir Singapore Airlines Cargo | ||||||
လေယာဉ်ပေါင်း | ၁၁၁ | ||||||
ပျံသန်းဌာနေပေါင်း | ၆၄ | ||||||
ဆောင်ပုဒ် | A Great Way to Fly | ||||||
မိခင်ကုမ္ပဏီ | တီးမားဆက် ဟိုးလ်ဒင်း (၅၆%) | ||||||
ဌာနချုပ် | Airline House 25 Airline Road Singapore 819829 Singapore | ||||||
အရေးပါသူများ | ဂိုချောင်ပွန်း (CEO) | ||||||
အမြတ်အစွန်း | S$ ၁၅.၂၂၈ ဘီလီယံ(FY 2015/16) | ||||||
ဝင်ငွေ | S$ ၉၇၂.၄ သန်း (FY 2015/16) | ||||||
အသားတင်ဝင်ငွေ | S$ ၈၀၄.၄ သန်း (FY 2015/16) | ||||||
ဝန်ထမ်း | ၂၄,၅၇၄ (FY 2015/16) | ||||||
ဝက်ဘ်ဆိုဒ် | singaporeair.com |
စင်ကာပူ လေကြောင်းလိုင်းသည် အဲယားဘတ်စ် A380 ကို ပထမဆုံး စတင်ပြေးဆွဲသော လေကြောင်းလိုင်း ဖြစ်သည်။ စင်ကာပူ လေကြောင်းလိုင်းတွင် လေကြောင်းလိုင်း လုပ်ငန်း တစ်ခုသာမကပဲ လေယာဉ်နှင့် ပတ်သက်သော လုပ်ငန်းများ လေယာဉ်ပြင်ဆင်ခြင်း လုပ်ငန်းများလည်း ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Anand Krishnamoorthy Anandkmoorthy (2016-05-17)။ Singapore Air Forms New Company to Manage Two Budget Carriers။ Bloomberg။ 2016-06-26 တွင် ပြန်စစ်ပြီး။