အရှင်စင်္ကမနဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ရဟန်းရုပ်တု

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရား ထက်ထက်တော်အခါက ဖြစ်၏။ အရှင်စင်္ကမနဒါယကထေရ် သည် အုတ်တို့ကိုစီကာ စင်္ကြံပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် မြတ်စွာဘုရားအား သဲတို့ကိုကြဲကာ သဲမွေ့ရာ လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ရှစ်ရာကမ္ဘာထက်တွင် စင်္ကြံအလှူ ပြုခဲ့သည့်အချိန်မှစကာ အရှင်စင်္ကမနဒါယကထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။

ထို့ပြင် သုံးကမ္ဘာပတ်လုံး နတ်မင်းအဖြစ်ကိုလည်းကောင်း၊ လူ့ပြင်တွင် လူဖြစ်သည့်အခါတွင်လည်း မင်းအဖြစ်ကိုလည်းကောင်း၊ သုံးကြိမ် စကြဝတေးမင်းအဖြစ် အကျိုးကျေးဇူးများစွာ ခံစားခဲ့ရသည်။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စင်္ကမနဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်