စစ်ဌာနချုပ်

စစ်ဘက်ကွပ်ကဲမှုပိုင်းဖွဲ့စည်းမှု သတ်မှတ်ချက်

စစ်ဌာနချုပ် ဟူသော စစ်ဘက်ဆိုင်ရာအသုံးအနှုန်း ဝေါဟာရ သည် စစ်ဘက်အကြီးအကဲခေါင်းဆောင် တစ်ဦးမှ တာဝန်ယူရသည့် ကွပ်ကဲမှုတပ်ဖွဲ့ (သို့) စစ်ဘက်ကွပ်ကဲမှုပိုင်းဆိုင်ရာ ဖွဲ့စည်းမှု သတ်မှတ်ချက် တစ်ခုအား ဆိုလိုခြင်းဖြစ်သည်။ တပ်ဖွဲ့၏ ခေါင်းဆောင် အကြီးအကဲသည် ဥပဒေမူဘောင်ဖြင့် အပ်နှင်းထားသော အခွင့်အာဏာအတွက် အထူး ရာထူးခန့်အပ်ခြင်းခံရသူ ဖြစ်သည်။ တပ်မတော် အရာရှိများသည် ၎င်းတို့၏ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံထားရမှုအရ လုပ်ပိုင်ခွင့် အခွင့်အာဏာ တရားဝင်ရရှိထား၏။ သို့သော် အခြားသော သီးခြားတာဝန်များ နှင့် ကွပ်ကဲမှု အထူးအခွင့်အာဏာများ ပေးအပ်ခံရမှုသည် ထုတ်ပြန်ထားသော ရာထူးခန့်အပ်ခြင်း အမိန့်ကြေညာချက်အရသာလျှင်ဖြစ်သည်။