စစ်တွေတက္ကသိုလ် (အင်္ဂလိပ်: Sittway University) သည် ရခိုင်ပြည်နယ်၊ တွင် [undefined] အမှား။ {{Lang-xx}}: no text (အကူအညီ)တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

စစ်တွေတက္ကသိုလ်
Cropped-home1-2.jpg
ဆောင်ပုဒ်ပညာသမာ အာဘာနတ္တိ
တည်ထောင်စက်တင်ဘာ ၁၈၊ ၁၉၉၆ (၁၉၉၆-၀၉-၁၈)
ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်
တည်နေရာတက္ကသိုလ်ရိပ်သာလမ်း၊ ဘုမေရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်
ဝဘ်ဆိုဒ်stu.edu.mm
University Logo sittwe.jpg

သမိုင်းကြောင်းပြင်ဆင်

ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (ဖဆပလအစိုးရလက်ထက်) ၁၉၅၄ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း အဆင့်မြင့်ပညာသင်ယူနိုင်ရေးအတွက် တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် (၂)နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က စစ်တွေကောလိပ်ကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် (၂)နှစ်သင်ကောလိပ်မှ (၄)နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၈ ခုအားသင်ကြားပိုချလျက်ရှိရာ နေသင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။ [၁]

ပေးအပ်သောဘွဲ့များ[၂]ပြင်ဆင်

ဝိဇ္ဇာဘွဲ့ (Bachelor of Arts)ပြင်ဆင်

  • မြန်မာစာ
  • အင်္ဂလိပ်စာ
  • ပထဝီ
  • သမိုင်း
  • ဒဿနိက
  • စိတ်ပညာ
  • ဥပဒေပညာ
  • အရှေတိုင်းပညာ
  • စိတ်ကြိုက်မြန်မာစာ

သိပ္ပံဘွဲ့ (Bachelor of Science)ပြင်ဆင်

  • ဓာတုဗေဒ
  • ရူပဗေဒ
  • သင်္ချာ
  • ရုက္ခဗေဒ
  • သတ္တဗေဒ
  • ဘူမိဗေဒ
  • ဇီဝဓာတုဗေဒ
  • အဏုဇီဝဗေဒ
  • အဏ္ဏဝါသိပ္ပံ


ကိုးကားပြင်ဆင်