နည်းပညာတက္ကသိုလ်(စစ်တွေ)
နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရေချမ်းပြင်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။
နည်းပညာတက္ကသိုလ်(စစ်တွေ) | |
Technological University (Sittwe) | |
TU(Sittwe) | |
နည်းပညာဖြင့် နိုင်ငံအကျိုး သယ်ပိုးအံ့ | |
Develop Our Nation Through Technology | |
| |
တည်ထောင်ခုနှစ် | ၁၉၉၉ |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာ ကျော်လှိုင်ဦး |
တည်နေရာ | ရေချမ်းပြင်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အမျိုးအစား | အများဆိုင် |
ပိုင်ဆိုင်မှု | အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
အထိမ်းအမှတ်အရောင် | အဖြူ၊ နက်ပြာ |
ဝဘ်ဆိုတ် | tusittwe.edu.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[၁][၂]
သင်ကြားမှုစနစ်
ပြင်ဆင်ရန်နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -
- မြို့ပြအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
- အီလက်ထရောနစ် အင်ဂျင်နီယာဌာန
- စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန
- မြန်မာစာဌာန
- အင်ဂျင်နီယာအင်္ဂလိပ်စာဌာန
- အင်ဂျင်နီယာသချၤာဌာန
- အင်ဂျင်နီယာရူပဗေဒဌာန
- အင်ဂျင်နီယာဓာတုဗေဒဌာနး ဖြစ်ကြသည်။[၃]
အင်ဂျင်နီယာ ဘာသာရပ်များ
ပြင်ဆင်ရန်အင်ဂျင်နီယာဘွဲ့ (ဘွဲ့ကြို) အတွက်ဘာသာရပ်များမှာ
ဘာသာရပ် | ဘွဲ့ | သင်တန်းကာလ |
မြို့ပြအင်ဂျင်နီယာဘာသာရပ် | B.E. (Civil) | ၆နှစ် |
အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် | B.E. (EC) | ၆နှစ် |
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် | B.E. (EP) | ၆နှစ် |
စက်မှုအင်ဂျင်နီယာဘာသာရပ် | B.E (Mech) | ၆နှစ် |
ဆက်စပ်လေ့လာရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Background History။ 24 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ History။ 19 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2022 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2014 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- တရားဝင် ဝက်ဘ်ဆိုဒ်