စစ်ရေယာဉ် ရန်ငြိမ်းအောင်

စစ်ရေယာဉ် ရန်ငြိမ်းအောင် (ပရောဂျက် ပီဂျီဂျီ ၀၆၃)သည် ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး စစ်ရေယာဉ်ဖြစ်ပြီး ၆၃ မီတာ ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး ကိုယ်ပျောက်စစ်ရေယာဉ် ဟူ၍လည်း လူသိများသည်။ ၎င်းသည် တပ်မတော် (ရေ)၏ ပြည်တွင်း၌ ပထမဆုံးတည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောလိုက်လံချေမှုန်ရေး စစ်ရေယာဉ်အမျိုးအစားဖြစ်သည်။ စစ်ရေယာဉ် ရန်ငြိမ်းအောင်သည် ၎င်း၏ စစ်ရေယာဉ်အတန်းအစားတွင် ပွဲဦးထွက် စစ်ရေယာဉ်ဖြစ်ပြီး စစ်ရေယာဉ် ရန်ရဲအောင် (446) နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၌ တပ်တော်ဝင်၍ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ ဤအတန်းအစားသည် ဟိုင်နန်-အတန်းအစား ရေငုပ်သင်္ဘောလိုက်လံချေမှုန်းရေး စစ်ရေယာဉ် (၁၀)စင်း နေရာသို့ အစားထိုးရန်အတွက် ရည်ရွယ်လေသည်။[၁]

အမျိုးအစား အကျဉ်း
တည်ဆောက်သူများ: ရေတပ် သင်္ဘောကျင်းဌာနချုပ်
မောင်းနှင်သူများ:  တပ်မတော် (ရေ)
ယခင်အမျိုးအစား: ၄၉ မီတာ ကိုယ်ပျောက်အမြန်သွား စစ်ရေယာဉ်
တည်ဆောက်: မတ်လ ၂၀၁၆ - လက်ရှိ
In commission: ၂၄ ဒီဇင်ဘာလ ၂၀၂၀ - ယနေ့ထိ
လျာထား: ၁၀
ပြီးစီး:
Active:
အထွေထွေ အချက်အလက်များ
အမျိုးအစား: ကိုယ်ပျောက် ရေငုပ်သင်္ဘောချေမှုန်းရေး/ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်ရေးသုံးကော်ဗတ် စစ်ရေယာဉ်
ဖယ်ထုတ်ခံရသော ရေထု: တန် ၆၀၀
အလျား: ၆၃ m (၂၀၇ ft)
ရက်မ: ၇.၅ m (၂၅ ft)
Draft: ၁.၈၅ m (၆ ft ၁ in)
တွန်းအား: ရေပန်းထုတ်တွန်းကန်အားဖြင့် ပံ့ပိုးထားသည့် ဒီဇယ်အင်ဂျင် (၃)လုံး
အမြန်နှုန်း: ၃၅ knot (၆၅ kilometres per hour; ၄၀ miles per hour)
အကွာအဝေး: ၁,၈၀၀ nmi (၃,၃၀၀ km) at the ၂၀ knot (၃၇ kilometres per hour; ၂၃ miles per hour)
ပြည့်စုံမှု: ၁၈
အာရုံခံနှင့်
လုပ်ငန်းဆောင်တာစနစ်များ:
  • 1 x MR-36A surface search radar (planned)
  • 2 x Furuno navigation radar
  • 1 x HUMSA Blackfish-911 hull-mounted sonar
အီလက်ထရွန်းနစ် စစ်တလင်း:
& decoys:
4 x Type-A FL-NA flare catridge magazines for various chaff and flare types
အမြောက်လက်နက်:
  • 1 × Chinese Type-66 ၅၇ mm (၂.၂ in) twin AA guns
  • 2 × 2M-3M ၂၅ mm (၀.၉၈ in) twin AA guns
  • 2 x licensed built QJG-02G 14.5 mm AA guns
  • 2 x triple-tubes torpedo launchers for 12 Shyena torpedoes (6 in the tubes and 6 on the racks)
  • 2 × RBU-1200 ASW rocket launchers
  • 2 × DC (Depth Charge) throwers
  • naval mines
မှတ်စု: The hulls of the ships are constructed with Steel and their superstructures with Aluminium to reduce the displacement of the ships.

သမိုင်းကြောင်း ပြင်ဆင်ရန်

ပရောဂျက် ပီဂျီဂျီ ၀၆၃ မှာ တပ်မတော် (ရေ)၏ (၃၁)ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။ တည်ဆောက်မှု ပွဲဦးထွက်ဖြစ်သည့် စစ်ရေယာဉ် ရန်ငြိမ်းအောင်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မတ်လတွင် စတင်အသုံးပြုခဲ့သည်။ စစ်ရေယာဉ် ရန်ငြိမ်းအောင် (441)သည် စစ်ရေယာဉ် ရန်ရဲအောင် (446) နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်။[၁][၂]

ဒီဇိုင်း ပြင်ဆင်ရန်

စစ်ရေယာဉ်များ၏ ကိုယ်ထည်များအား သံမဏိနှင့် နေရာရွှေ့ပြောင်းမှုကိုလျှော့ချနိုင်ရန် အထူးဖွဲ့စည်းပုံရှိ အလူမီနီယမ်များဖြင့် တည်ဆောက်ထားသည်။ ဤအတန်းအစား၏ ထူးခြားချက်မှာ စစ်ရေယာဉ်များတွင် ရေငုပ်သင်္ဘောများအား လျှို့ဝှက်စွာ ခြေရာခံတိုက်ခိုက်ရန်နှင့် အင်ဂျင်များနှင့် ပန်ကာများမှ ထွက်ပေါ်လာသော ဆူညံသံများကို လျှော့ချ၍ မောင်းနှင်နိုင်စေရန် ရေပန်းထုတ်တွန်းကန်ခြင်းစနစ်သုံး ဒီဇယ်အင်ဂျင် (၃)လုံးတပ်ဆင်ထားခြင်းဖြစ်သည်။

တပ်ဆင်ထားသည့် လက်နက်များ ပြင်ဆင်ရန်

ဤအတန်းအစားသင်္ဘောများတွင် Type-66 အမျိုးအစား ၅၇-မမ ဆီမီး-အော်တို ပြောင်းနှစ်ခုပါ သေနတ်တစ်လက်၊ 2M-3M အမျိုးအစား ၂၅-မမ ပြောင်းနှစ်ခုပါ သေနတ်နှစ်လက်နှင့် ပြည်တွင်းဖြစ် QJG-02G အမျိုးအစား ၁၄.၅-မမ ဝေဟင်ပစ် သေနတ်နှစ်လက် စသည်တို့ တပ်ဆင်ထားသည်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လက်နက်တပ်ဆင်ထားမှု အားနည်းသော်လည်း ဤစစ်​ရေယာဉ်အမျိုးအစားသည် ရေငုပ်သင်္ဘောအား ခြေရာခံတိုက်ခိုက်နိုင်ရန် အသားပေးထားခြင်းကြောင့် များစွာလိုအပ်မည်မဟုတ်ပေ။

သင်္ဘောများတွင် Shyena အမျိုးအစား တော်ပီဒိုများပစ်ခတ်နိုင်​သည့် သုံးလုံးတွဲ တော်ပီဒိုပစ် လောင်ချာနှစ်လက်၊ RBU-1200 အမျိုးအစား ရေငုပ်သင်္ဘော တန်ပြန်ချေမှုန်းရေး ဒုံးပစ်လောင်ချာ နှစ်လက်နှင့် ​ရေနက်ပိုင်း​ ဖောက်ခွဲ​​​ရေး(LDC-large depth charge)နှင့် ရေငုပ်သင်္ဘောချေမှုန်းရေး လက်နက်အနေဖြင့် ရေတပ်သုံး မိုင်းများ တပ်ဆင်ထားသည်။[၂]

အတန်းအစားဝင် စစ်ရေယာဉ်များ ပြင်ဆင်ရန်

ပုံ အမည် စီမံကိန်းအမှတ်စဉ် စစ်ရေယာဉ် အမှတ် တည်ဆောက်သူ တပ်တော်ဝင် ရက်စွဲ ဌာနေ ဆိပ်ကမ်း
စစ်ရေယာဉ် ရန်ငြိမ်းအောင် ပီဂျီဂျီ ၀၆၃ အေ-၁ 443 ရေတပ် သင်္ဘောကျင်းဌာနချုပ် (တပ်မတော် (ရေ)) ၂၄ ဒီဇင်ဘာ ၂၀၂၀[၃]
စစ်ရေယာဉ် ရန်ရဲအောင် ပီဂျီဂျီ ၀၆၃ အေ-၂ 446 ရေတပ် သင်္ဘောကျင်းဌာနချုပ် (တပ်မတော် (ရေ)) ၂၄ ဒီဇင်ဘာ ၂၀၂၀[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Information Team၊ Tatmadaw (24 December 2020)။ (၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်။ 24 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Navy Recognition (5 January 2021)။ Myanmar Navy has commissioned seven new warships and one submarine။ 5 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Indian submarine INS Sindhuvir officially inducted into Myanmar Navy - Naval Post- Naval News and Information (26 December 2020)။ 2021-01-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။