စစ်ရောက်မှ မြားချွန်
စစ်ရောက်မှ မြားချွန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ရန်သူ[စစ်တပ်] ချီတက်ရောက်ရှိလာမှ [မြား]ချွန်သကဲ့သို့ ရင်ဆိုင်ရမည့်အရေးကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ပက်ပင်းပါ ကြုံတွေ့လာခါမှ ပြင်ဆင်မှုစတင် ပြုလုပ်သည်။
မူလရင်းမြစ် ပြင်ဆင်ရန်
- "သူမိုက်တို့ဉာဏ်ပေါက်မှာ၊ စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှ ထွန်ချငြား၊" [၁၁၈၀] ဥက္ကံ။ ၂၅။
ဆိုလိုရင်တူညီသောအခြားစကားပုံ ပြင်ဆင်ရန်
- ကျားလိုက်မှ တုတ်ခုတ် ဟူ၍လည်း အသုံးရှိသည်။