စဉ့်ပါဆရာတော်[မှတ်စု ၁] (၁၁၀၁ − *) ဆင်ဖြူရှင်မင်းလက်ထက်တွင် ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

စဉ့်ပါဆရာတော်ကို ၁၁၀၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မဏိပူရပြည်သား ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်တွင် စစ်ကိုင်းမြို့ စဉ့်ပါတိုက်တွင် သီတင်းသုံးသည်။ [၁]

ပြုစုရေးသားခဲ့သည်များ ပြင်ဆင်ရန်

ဆရာတော်သည် ဓမ္မနီတိချိုး[မှတ်စု ၂]ကို ရေးသားခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်၏ တပည့် ခင်ကြီးသာ (၁၁၀၂ ခုနှစ်ဖွားမြင်) သည်လည်း ဆရာတော်နှင့် တစ်လတည်းအတွင်း ပျံလွန်တော်မူခဲ့သည်။ ထို့ကြောင့် နှစ်ပါး လောင်တိုက်ယှဉ်ကာ သင်္ဂြိုဟ်ခဲ့သည်။ [၁]

မှတ်စု ပြင်ဆင်ရန်

  1. သက္ကရာဇ် ၁၁၀၆ ခုနှစ်ဖွား စဉ့်ပါရွာဇာတိ လူမည်ဦးချောပုံ ရတနာပုရစတုတ္ထမြို့တည် မင်းတရားလက်ထက် ဗန်းမော်ဝန်ဟောင်း မောင်ရွှန်းဆောက်လုပ်သော ငွေစင်ချောင်းထိပ်လေးထပ်ကျောင်းကို အလှူခံသည့် ဆရာတော်သည် စဉ့်ပါဆရာတော်ဟု တွင်သည်။
  2. ဓမ္မနီတိချိုးကို စစ်ကိုင်းမြို့ မန်ကျည်းစင်ရွာဇာတိ စဉ့်ပါတောရနေ ရဟန်းတော် ဦးရွှင်ရေးသားသည်ဟုလည်း မှတ်သားကြသည်။ ထိုစဉ့်ပါဆရာတော်သည် ရတု၊ မေတ္တာစာများနှင့် သာမုန္ဒြိကပျို့တို့ကိုလည်း ရေးသားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၆။