စည်သာမင်းကြီး
ငညိုသူ
စည်သာမင်းကြီးသည် အလောင်းဘုရား ဦးအောင်ဇေယျ၏ မရီးတော် ခင်ပွန်းဖြစ်သည်။ ဟံသာဝတီပါမင်း(မဟာဓမ္မရာဇာဓိပတိ)လက်ထက် စည်သူကျော်ထင်၊မင်း ကြီးကျော်ထင်ဘွဲ့များ ရရှိသော အမတ်ကြီးဖြစ်သည်။အင်းဝကို ၁၇၅၂ ခုနှစ်၌ မွန်တို့ တိုက်ခိုက်သိမ်းပိုက်သောအခါ ဦးအောင်ဇေယျနှင့် ပူးပေါင်းလိုက်၏။ ဦးအောင်ဇေယျက မင်းလှစည်သူဘွဲ့ ချီးမြှင့်သည်။ သားတော်များနှင့်အတူ အားထားခြင်းခံခဲ့ရသူ ဖြစ်သည်။ ဦးအောင်ဇေယျ အထွဋ်အထိပ် မရောက်မီကာလက တိုက်ပွဲပေါင်းများစွာတွင် ထင်ရှားသော တပ်မှူးဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဦးစိန်မြင့်(လုပ်သားများကောလိပ်)ရေး၊ မြန်မာနိုင်ငံသမိုင်း အဘိဓာန်၊ ၁၉၆၈၊ နိုဝင်ဘာ(၂၄)ရက်၊ စာ-၁၀၅