စတက်မြက်ခင်း
စတက်မြက်ခင်းများ (အင်္ဂလိပ်: steppe; ရုရှား: степь, tr. step', IPA: [sʲtʲepʲ] ( ))သည် သစ်ပင်မရှိသော မြက်ခင်းပြင်များ ဖြစ်၍ ဒနုဘီမြစ်ဝှမ်း၊ ဥရောပတိုက် ရုရှားတောင်ဘက်နှင့် အနောက်တောင် ဆိုက်ဘေးရီးယားနယ်များတွင် တွေ့ရှိရသည်။ နွေဦးပေါက်တွင် မိုးအနည်းငယ်ရွာ၍ ဂျုံစိုက်ပျိုးနိုင်သော မြေယာပြင်များဖြစ်သည်။ ယူကရိန်းနယ်ရှိ မြေနက်များမှာ စိုက်ပျိုးရန် မြေဩဇာ အကောင်းဆုံးဒေသဖြစ်ပေသည်။[၁]

The Eurasian Steppe Belt (in on the map), a path of passage for cultures – a possible origin for the Indo-European languages, the domesticated horse, the wheel and chariot

မွန်ဂိုးလီးယားရှိ စတက်မြက်ခင်းပြင်

ကာဇက်စတန်နိုင်ငံရှိ စတက်မြက်ခင်းပြင်

တူရကီနိုင်ငံရှိ စတက်မြက်ခင်းပြင် တစ်နေရာ

ယူကရိန်းနိုင်ငံရှိ စတက်မြက်ခင်းတစ်ခု
ကိုးကားပြင်ဆင်
- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "စတက်မြက်ခင်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။