စတန်းဖို့ ထောင်တွင်းစမ်းသပ်ချက်

စတန်းဖို့ ထောင်တွင်းစမ်းသပ်ချက်(အင်္ဂလိပ်: Standford Prisoner Experiment) သည် အစမ်းသပ်ခံတို့၏ တုံ့ပြန်ချက်၊ အပြူအမူတို့ကို ထောင်တွင်း၌ ၂ ပတ်ကြာ စစ်ဆေးသော စမ်းသပ်ချက်တခု ဖြစ်သည်။ စတန်းဖို့တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဖိလစ် ဇင်ဘာဒိုက သုတေသနကို ဦးဆောင်ပြီး ၁၉၇၁ ခု၊ နွေရာသီတွင် လုပ်သည်။ [၁]

သုတေသနဖြစ်မြောက်ရန် အမေရိကန်ရေတပ်သုတေသနရုံးမှ ငွေကြေးထောက်ပံ့သည်။ စမ်းသပ်ချက်မှ အချို့ကို ရုပ်သံမှတ်တမ်းတင်ထားပြီး တစိတ်တပိုင်းကို အများပြည်သူတို့ လွတ်လပ်စွာ ကြည့်ရှုနိုင်သည်။ [၂]

စမ်းသပ်ချက်စသော တရားဝင်နေ့စွဲမှာ ၁၉၇၁ ခု၊ ဩဂုတ်လ ၁၅ ရက် ဖြစ်သည်။ ပေါ်လိုအာတိုရဲများက ဖမ်းထားသော အကျဉ်းသားတို့ကို သုံး၍ စသည်။ အချို့သော ထောင်စောင့်များ၏ အပြုအမူမှာ အကျဉ်းသားတို့အပေါ် အလွန်ခက်ထန်လာသည့်အတွက် ခရစ္စတီးနားမာ့စလက်က သုတေသနခေါင်းဆောင် ဇင်ဘာဒိုကို ရပ်ရန် ပြောရသည်။ သို့ဖြင့် သတ်မှတ်ကာလမစေ့မီ ရပ်လိုက်ရသည်။ စမ်းသပ်ချက်ကို ၆ ရက်အကြာ ဩဂုတ်လ ၂၀ ရက်တွင် ရပ်သည်။ ထောင့်စောင့်များနှင့် အကျဉ်းသားတို့အား စမ်းသပ်ချက်ရလဒ်အကျဉ်းကို ဇင်ဘာဒိုက ရှင်းပြပြီးနောက် ရလာသော အချက်အလက်များကို ဆန်းစစ်ကာ တွေ့ရှိချက်များကို စာတမ်းအဖြစ် ထုတ်ဝေသည်။ [၃]

ဤစမ်းသပ်ချက်ကို လူမှုစိတ်ပညာသင်ရိုးမိတ်ဆက်တို့တွင် ဖော်ပြလေ့ရှိသည်။ [၄] သို့သော် အချို့ကျောင်းများကလည်း ကျင့်ဝတ်မဲ့ နည်းလမ်းမကျခြင်းတို့ကြောင့် ၎င်းကိစ္စကို လူမှုစိတ်ပညာအဖြစ် ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. Bekiempis, Victoria (August 4, 2015). "What Philip Zimbardo and the Stanford Prison Experiment Tell Us About Abuse of Power". Newsweek.
  2. "FAQ on official site". Archived from the original on September 9, 2012.
  3. "A Simulation Study of the Psychology of Imprisonment Archived 6 September 2015 at the Wayback Machine.". Stanford University. Retrieved August 19, 2021.
  4. "Intro to psychology textbooks gloss over criticisms of Zimbardo's Stanford Prison Experiment". September 7, 2014.
  5. "Psychology Itself Is Under Scrutiny"