ရက် ဟုခေါ်ပြီး ခေတ်သစ် ဆားဘီးယား သမိုင်းစာအုပ်များတွင် စတာရီရက် (ရှေးဟောင်းရက် ဟု အဓိပ္ပာယ်ရသည်။) ဟု ရေးသားကြသော စတာရီရက် မှာ ဆားဘီးယားနိုင်ငံ နိုဗီပါဇာမြို့၏ အနောက်ဘက် ၁၁ ကီလိုမီတာအကွာ ယခင် "စတာရို တာဂိုဗစ်ရှ်တဲ့" ဈေးဟောင်းနေရာ တွင် ရှိသော အလယ်ခေတ် ခံတပ် တစ်ခု ဖြစ်သည်။

စတာရီရက် ခံတပ် နှင့် ဆိုပိုကားနီ ဘုန်းကြီးကျောင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဆားဘီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii
ကိုးကား ၉၆
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ရှေးဟောင်းရက် သည် အလယ်ခေတ် ဆားဘီးယား ရက်စ်ကာနိုင်ငံ၏ ပထမဆုံး မြို့တော် ဖြစ်ခဲ့ပြီး အချိန်ကာလ ကြာမြင့်စွာပင် အရေးပါသော နေရာ တစ်ခု ဖြစ်ခဲ့သည်။ ယနေ့ခေတ် ရပ်စကာ ဒေသတွင် တည်ရှိပြီး မြို့တော်မှာ အလယ်ခေတ် အစောပိုင်း နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ၉ ရာစု မတိုင်မီကပင် တည်ထောင်ခဲ့ပြီး ၁၃ ရာစုသို့ တွင် မနေထိုင်တော့ဘဲ စွန့်ခွာခဲ့ကြသည်။ အိုးဆားဘီးယား ဟုခေါ်သော နေရာတွင် တည်ရှိပြီး ရပ်စကာ ချောက်ကမ်းပါး တလျှောက်တွင်တည်ရှိကာ ပတ်ဝန်းကျင် ဒေသများဖြစ်သော အနောက်ဘက်ရှိ ဇီတာ နှင့် ဘော့စနီးယား ၊ တောင်ဘက်ရှိ ကိုဆိုဗို နှင့် မက်တိုးဟီးယား ဒေသ တို့၏ ကုန်သွယ်ရေး လမ်းကြောင်း လမ်းဆုံရာ နေရာကောင်း တစ်ခုတွင် တည်ရှိသည်။

ယနေ့အချိန်တွင် ရက် ခံတပ်သည် ခြံဝင်းခေတ်မထားသော အကာအကွယ် မရှိသော အပျက်အစီးများ ကြားတွင် တည်ရှိသည်။ သို့သော်လည်း ထိုဒေသကို ပြန်လည်တည်ဆောက်ရန် အတွက် အစီအစဉ် ရှိသည်။ ရက် နှင့် အလွန်နီးစပ်သော ပတ်ဝန်းကျင်တွင် အလယ်ခေတ်မှ ရင်သပ်ရှုမောဖွယ်ရာ အဆောက်အဦးများ ရှိပြီး ခံတပ်များ၊ ဈေးဟောင်းများ၊ ဘုရားရှိခိုးကျောင်းများ နှင့် ဘုန်းကြီးကျောင်းများ ပါဝင်သည်။ ဆားဘီးယား အလယ်ခေတ် ဆိုပိုကားနီ ဘုန်းကြီးကျောင်း သည် အနောက်ကမ္ဘာနှင့် ဘိုင်ဇန်တိုင်း ကမ္ဘာတို့ကြား ဆက်သွယ်မှု အတွက် သက်သေ အထောက်အထား တစ်ခုပင်ဖြစ်သည်။ စတာရီရက် နှင့် အနီးတွင် ရှိသော ဆိုပိုကားနီ ဘုန်းကြီးကျောင်း တို့သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခံရပြီး ဖြစ်ကာ ပြန်လည် တည်ဆောက်နေသာ ၁၂ရာစု စတာရီရက် ဘုန်းကြီးကျောင်း သည်လည်း ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ သတ်မှတ်ချက်တွင် ပါဝင်လာနိုင်သည်။

ကိုးကား ပြင်ဆင်ရန်