အမှု—သူ၏အင်္ဂါသို့ ချိပ်တောင့်သွင်းမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ []

မောင်းမဟောင်းထံမှ နည်းရပုံ

ပြင်ဆင်ရန်

ရှင်ဘုရင်၏ မောင်းမဟောင်း(မိဖုရားငယ်)ဖြစ်ဘူးသော မိန်းမတစ်ယောက်သည် ဘိက္ခုနီပြုလုပ်နေ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတစ်ယောက်သည် တဏှာရာဂ ထကြွသဖြင့် ဘိက္ခုနီဘဝ၌ မပျော်ပိုက်နိုင်အောင် ရှိလေ၏။ ထိုအခါ ထိုဘိက္ခုနီသည် မောင်းမဟောင်း ဘိက္ခုနီထံကပ်၍ မေးမြန်းသည်မှာ-မိဖုရားတွေ အများကြီးထားသော ရှင်ဘုရင်သည် အရှင်မတို့ဆီသို့ အတော်ကြာမှ အလှည့်ကျမှာဘဲ၊ အဲဒီတော့ ကိုယ့်ဆီလာလှည့် မကျတဲ့အခါ ဘယ်လိုများ ချုပ်တည်းထားကြပါသလဲ။

ထိုအခါ ထိုမောင်းမဟောင်း ဘိက္ခုနီသည် ရှင်းရှင်းနှင့် ဘွင်းဘွင်း ပြောသည်မှာ- “ချိပ်တောင့်နှင့် ဖြေရတာပေါ့”တဲ့၊ ထိုဘိက္ခုနီမသည် သဘောမပေါက်၍ ချိပ်တောင့်အကြောင်းကို မေးပြန်ရာ, မောင်းမဟောင်းဘိက္ခုနီသည် စုံစုံလင်လင်ပြောပြလေတော့၏၊ ထိုအခါသဘောကျ၍ သူ၏ ထကြွမှုကိုလည်း ချိပ်တောင့်ဖြင့် ဖျော်ပြီးနောက် ရေဆေးရမည်ကို သတိမရဘဲ တနေရာ ပစ်ထားမိလေသည်။ ထိုအခါ ယင်တွေအုံနေသော ထိုဟာကို ဘိက္ခုနီတို့မြင်ကြ၍ စစ်ဆေး မေးမြန်းသောအခါ ထိုဘိက္ခုနီမသည် သူ့ဥစ္စာဖြစ်ကြောင်း ဝန်ခံရလေသည်၊ ထိုဘိက္ခုနီကို အများကပင် ကဲ့ရဲ့ရှုတ်ချ၍ တဆင့်အားဖြင့် ဘုရားရှင် ကြားသိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ပြင်ဆင်ရန်

ဇတုမဋ္ဌကေ ပါစိတ္တိယံ။

မြန်မာပြန်

ပြင်ဆင်ရန်

ချောမောသောချိပ်တောင့်ဖြင့် ပဿာဝမဂ်ကို သွင်းခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ဤသိက္ခာပုဒ်တော်အရ ချိပ်ဖြင့် ပြုလုပ်ထားသော အတောင့်သာမက, သစ်သား မြေညက်စသည်ဖြင့် ပြုလုပ်သော အတောင့်, အတန်ဟူသမျှ (ကြာဝတ်ဆံကလေးကိုမျှ) အင်္ဂါအတွင်းသို့ မသွင်းရ။

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး