ဩဒနပ္ပဋိစ္ဆာဒနသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ဟင်းကို ဆွမ်းဖြင့် ဖုံးမှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ (ဤသို့ဖုံးထားလျှင် မရသေးဘူးထင်၍ နောက်ထပ် လောင်းကြလိမ့်မည်ဟု မရိုးသားသော စိတ်ကူးဖြင့်) များများအလိုရှိ၍ ပဲဟင်း-ဟင်းလျာတို့ကို ဆွမ်းဖြင့် ဖုံးထားကြကုန်၏၊ (ဤသို့ ပြုလုပ်မှုကား သက်သက်အောက်တန်းစားတို့၏ အပြုအမူသာဖြစ်၏၊ ထို့ကြောင့်) ထိုအပြုအမူကို သိရှိသော လူတို့က ကဲ့ရဲ့ကြသဖြင့်—[၁]

“န သူပံဝါ ဗျဉ္ဇနံဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“ပဲဟင်းကို၎င်း ပဲဟင်းမှတပါး အခြားဟင်းလျာကို၎င်း အများကို အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် မဖုံးအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [အများကို အလိုရှိ၍ မဟုတ်ဘဲ အခြားအကြောင်းကြောင့် ဖုံးရာ၌၎င်း, လူတို့ကိုယ်တိုင်က နွားသားဟင်းစသည်ကို လူသိမှာ စိုး၍ ဆွမ်းဖြင့် ဖုံးပြီးလှူလိုက်ရာ၌၎င်း-အာပတ်မသင့်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး