ဩက္ခိတ္တစက္ခုသိက္ခာပုဒ်
ဩက္ခိတ္တစက္ခုသိက္ခာပုဒ်၂-ပါး (ပရိမဏ္ဍလဝဂ်)
ဟိုဟိုသည်သည် ကြည့်ခြင်း
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဟိုဟိုသည်သည် (တောင်ကြည့်မြောက်ကြည့်) ကြည့်လျက် သွားလာ-နေထိုင်ကြကုန်၏၊ ထိုသို့ တောင်ကြည့် မြောက်ကြည့် ကြည့်လျက် ဣန္ဒြေမရဘဲ သွားလာနေထိုင်မှုကို ယဉ်ကျေးသော လူကောင်း သူကောင်းတို့သော်မှ မပြုကြပါဘဲ, အထူးယဉ်ကျေးသည်ဟု အသိအမှတ် ပြုရမည့် ဘုရားသားတော်တို့က ပြုနေကြသည်ကို လူတို့က ကဲ့ရဲ့ရှုတ်ချ အပြစ်တင် ကြသောကြောင့်...[၁]
(က) “ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ဘုရားရှင်ပညတ်တော်မူရလေသည်။
မြန်မာပြန်
ပြင်ဆင်ရန်ရထားထမ်းပိုးတပြန်လောက်သာ ကြည့်လျက် မျက်စိကို အောက်သို့ ချ၍ မြို့ရွာအတွင်း၌ သွားလာ—နေထိုင်မှုကို ပြုမည်-ဟု အလေ့အကျင့်ကို ပြုရမည်။ ဤသိက္ခာပုဒ်တော်အရ စက္ခုန္ဒြေ (စက္ခု+ဣန္ဒြေ) ချ၍ မြို့ရွာအတွင်း၌ နေကြရသည်။ သို့သော် ယာဉ် ရထား နွားမြင်းစသောဘေးရန်ရှိ-မရှိကိုကား တစည်းတစောင်း ကြည့်ကောင်းပါ၏။
ရထား ထမ်းပိုး တပြန်ကိုလည်း “၄-တောင် တချို့အဋ္ဌကထာ၌ ၄-တောင့်ထွာခန့်” ဟုခန့်မှန်း ကြသည်၊ ယဉ်ကျေးပြီးသော အာဇာနီ ဆင်မြင်းတို့သည် ထိုမျှလောက်သာ ကြည့်လေ့ရှိကြသတဲ့၊ မှန်၏- ထိုသို့မျက်စိကို ဣန္ဒြေ ရရထား၍ သွားလာ နေထိုင်မှုကို ယဉ်ကျေးသူတိုင်း ပြုကြ၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်ခြင်းကား အရိုင်းအစိုင်းတို့၏ အပြုအမူ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။