စတုမဟာရာဇ်ဘုံ
စတုမဟာရာဇ်ဘုံသည် ဗုဒ္ဓဘာသာ၏ နတ်ပြည်ခြောက်ထပ်မှ ပထမဆုံး အထပ်ဖြစ်ကာ မြင်းမိုရ်တောင်၏ တောင်စွန်း၌ တည်ရှိသည်။ ထို ဘုံသည် စတုမဟာရာဇ် နတ်မင်းကြီး လေးပါး စံရာ နတ်ပြည် ဖြစ်သည်။ မြေမှ ယူဇနာ လေးသောင်း, နှစ်ထောင် အထုရှိသော ယုဂန္ဓိုရ်တောင်ထိပ်နှင့် မျှသောအရပ်၌ တည်ရှိသည်။ စတုမဟာရာဇ်နတ်တို့၏ အသက်သည် လူတို့နှစ်ဖြင့် အနှစ် ၅၀ သည် စတုမဟာရာဇ်နတ်တို့မှ ၁ နေ့နှင့် ၁ ညဉ့်သာ ရှိ၏။ ထို နေ့,ညဉ့်ဖြင့် အရက် ၃၀ သည် ၁ လ၊ ၁၂ လ သည် ၁ နှစ်၊ ထိုနှစ်ဖြင့် အနှစ် ၅၀၀ သည် စတုမဟာရာဇ်နတ်တို့၏ အသက်ဖြစ်သည်။ ဤကား နတ်တို့၏ အရေအတွက်တည်း၊ လူတို့၏ နှစ်အရေအတွက်အားဖြင့်ကား အနှစ် ကိုးသန်းရှိ၏။[၁]
- ↑ ဒီပဲယင်းမြို့၊ သုံးထပ်ရွှေကျောင်းဆရာတော် သိရိသဒ္ဓမ္မာဘိလင်္ကာရထေရ်အရှင်၏ မူလမဟာဗုဒ္ဓဝင်၊ တထာဂတဥဒါနဒီပနီ(ပထမတွဲ)