စတုဝေသာရဇ္ဇသုတ္တန် သည် ဂေါတမမြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားသုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်သည် အင်္ဂုတ္တိုရ်ပါဠိတော်တွင် ပါရှိသည့် သုတ္တန်တစ်ခု ဖြစ်သည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် ရရှိ၍ ဘုရားဖြစ်ပြီးနောက် တရားတော်တို့ကို ဆင်ခြင်တော်မူ၏။ ထိုအခါ မိမိသိမြင်တော်မူသည့် တရားတို့သည် အလွန်နက်နဲသိမ်မွေ့ခြင်း၊ ရရှိတော်မူသော အရဟတ္တဖိုလ်၏ ဆန့်ကျင်ဘက်ကိလေသာတို့ တုန်လှုပ်ခြောက်ခြားအောင် မတတ်နိုင်ခြင်း၊ မဂ္ဂင်ရှစ်ပါး မဇ္ဈိမပဋိပဒါလမ်းစဉ်သည်သာလျှင် သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက်နိုင်သော တရားဖြစ်ခြင်း စသည့် ခိုင်မာသည့် တရားတို့ကို သိမြင်တော်မူသဖြင့် ဤသုတ္တန်တွင် "မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်လေးပါး" ကို အောက်ပါအတိုင်း ဟောတော်မူခဲ့သည်။

၁။ အလုံးစုံသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားအား "ဤမည်သော တရားတို့ကို သိရန် ကျန်သေးသည်" ဟု သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ လောက၌ တစ်စုံတစ်ယောက်ဖြစ်စေ ထောက်ပြပြောဆိုနိုင်သောသူ မည်သူ့ကိုမျှ မမြင်ပေ။

၂။ အာသဝေါတရားတို့ကို ကုန်စင်ပြီးသော ငါဘုရားအား "ဤမည်သော အာသဝေါတို့ မကုန်သေ၊ ကျန်သေးသည်" ဟု ထောက်ပြပြောဆိုနိင်သောသူ မည်သူ့ကိုမျှ မမြင်ပေ။

၃။ ဤတရားတို့ကို ကျူးလွန်လျှင် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်သည်ဟု ငါ၏ ဟောထားချက်ကို အန္တရာယ်မဖြစ်ပါဟု ထောက်ပြပြောဆိုနိုင်သူ မည်သူ့ကိုမျှ မမြင်ပေ။

၄။ ဝဋ်ဆင်းရဲမှ ကုန်ကြောင်း ဟောထားသော တရားတို့ကို ကျင့်ကြံအားထုတ်သူတိုင်း ဝဋ်ဆင်းရဲမှ မကုန်ပါဟု ထောက်ပြပြောဆိုနိုင်သော သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ လောက၌ တစ်စုံတစ်ယောက်သောသူမှ စေဒကတက်မည့်သူ မရှိသဖြင့် ငါသည် ငြိမ်းချမ်းခြင်း၊ ဘေးမရှိခြင်း၊ ရဲရင့်ခြင်းသို့ ရောက်လျှက်နေ၏။[]

  1. ၁.၀ ၁.၁ သစ္စာဒီပက ဆရာကြီးဦးကြည် (နိုဝင်ဘာ ၂၀၀၃)။ ဗုဒ္ဓဘာသာသိစရာ။ ကိုးထပ်ကြီးဘုရား၊ စမ်းချောင်းစာတိုက်၊ ရန်ကုန်မြို့: ဒေါ်ခင်နု၊ ပညာရောင်ခြည်စာပေဌာန။ pp. ၁၆၄၊ ၁၆၅။