ရုက္ခဗေဒအလိုအရ စတွေးဥသည် 'လီလီအိုင်ဖလိုရီ' မျိုးစဉ်တွင်လည်းကောင်း၊ 'ဒိုင်အော့ စကိုရီအေ ဆီးအီး'မျိုးရင်းတွင်လည်းကောင်း ပါဝင်သည်။ ယင်းကို သိပ္ပံအမည်အားဖြင့် 'ဒိုင်အော့ စကိုရီအေဖက်ဆီကျူလီယေးတား'ဟူ၍လည်းကောင်း ခေါ်သည်။ စတွေးဥကို မြန်မာအခေါ်အားဖြင့် တံတွေးဥ၊ ကဒွေးဥ၊ ဝက်ကာဥဟူ၍ အမျိုးမျိုးခေါ်သည်။

စတွေးဥသည် အရွယ်အားဖြင့် မျောက်ဥ အငယ်စားလောက်ရှိ၍ ပုံသဏ္ဌာန်အားဖြင့်လည်းကောင်း၊ အနံ့အရသာအားဖြင့်လည်းကောင်း မျောက်ဥ နှင့် ခပ်ဆင်ဆင်တူသည်။ ကရင်လူမျိုးတို့သည် စတွေးဥကို အများအပြား စိုက်ပျိုးကြသည်က တစ်ကြောင်း၊ စတွေးဥ၏ ပုံသဏ္ဌာန်မှာ အာလူးနှင့် အလွန်တူသည်က တစ်ကြောင်းတို့ကြောင့် စတွေးဥကို ကရင်အာလူး ဟူ၍လည်း ခေါ်သည်။ ယင်းကိုပင် တစ်ခါတစ်ရံ ထားဝယ်အာလူးဟူ၍လည်း ခေါ်သေးသည်။ စတွေးဥသည် ချက်ပြုတ်စားသောက်ရန် ကောင်း သော်လည်း တစ်နှစ်ပတ်လုံး မရနိုင်ချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)