စနေနေ့ည ကိုးနာရီ သည် ၁၉၇၅ ခုတွင် ရိုက်ကူးသော မြန်မာဇာတ်ကား တစ်ကားဖြစ်သည်။ မဟာဗောဓိရုပ်ရှင်အတွက် မောင်မိုးမြင့် ရိုက်ကူးရာ ၁၉၇၅ ခု၊ ဩဂုတ်လတွင် ပြီးသည်။ ကျော်ဆွေ၊ ရဲဘော်သက်ရှည်၊ အေးအေးသင်း၊ မမိုးဝါ၊ နွဲ့နွဲ့စန်း၊ ခင်မိုးမိုး၊ ဦးကျောက်လုံးနှင့် အောင်ဆွေဦးတို့ သရုပ်ဆောင်ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်အောင်မင်း။ "တလအတွင်း မြန်မာ့ရုပ်ရှင်နှင့် တေးဂီတ"။ သပြေ တေးမဂ္ဂဇင်း၊ အမှတ်စဉ် ၉။ ၁၉၇၅၊ ဩဂုတ်။ စာ ၉၀-၉၄။