စန်းလငွေသော် မြန်ပြည်ပေါ်
စန်းလငွေသော် မြန်ပြည်ပေါ် (အင်္ဂလိပ်: Moon Over Burma) သည် ၁၉၄၀ ခုထွက် အမေရိကန် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ လူးဝစ်ကင်း (Louis King) ရိုက်ကူးသည်။ ပါရာမောင့် ရုပ်ရှင် (Paramount Pictures) မှ ထုတ်လုပ်ပြီး ၁၉၄၀ ခု၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ရုံတင်သည်။ [၁][၂]
Moon Over Burma | |
---|---|
ဖိုင်:Moon Over Burma poster.jpg Theatrical release poster | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | လူးဝစ်ကင်း |
ထုတ်လုပ်သူ | A.M. Botsford Anthony Veiller |
စာရေးသူ | Harry Clork[*] W. P. Lipscomb[*] |
ဇာတ်ညွှန်း | Harry Clork Wilson Collison W.P. Lipscomb Frank Wead |
သရုပ်ဆောင် | Dorothy Lamour Robert Preston Preston Foster Doris Nolan |
ဂီတမှူး | ဗစ်တာရမ်း (Victor Young) |
ဓာတ်ပုံ | William C. Mellor |
တည်းဖြတ် | Stuart Gilmore |
ထုတ်လုပ်ရေး ကုမ္ပဏီ | Paramount Pictures |
ကြာမြင့်ချိန် | ၇၆ မိနစ် |
နိုင်ငံ | အမေရိကန် |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | ပါရာမောင့် ရုပ်ရှင် |
ဇာတ်လမ်းအကျဉ်း
ပြင်ဆင်ရန်ရန်ကုန်သို့ အလည်အပတ်လာသည့် အမေရိကန် အကမယ်နှင့် သစ်ခွဲစခန်း မန်နေဂျာတို့ ချစ်ကြိုက်သည့်ဇာတ်လမ်းဖြစ်သည်။
ဇာတ်ဆောင်များ
ပြင်ဆင်ရန်- အာလာဒင်း (Arla Dean) အဖြစ် ဒေါ်ရိုလီ လမာ (Dorothy Lamour)
- ချက်လိန်း (Chuck Lane) အဖြစ် ရောဘတ်ပရက်စတန် (Robert Preston)
- ဘီဂေါ်ဒန် (Bill Gordon) အဖြစ် ပရက်စတန် ဖိုစတာ (Preston Foster)
- စင်သီယာ ဟာမွန် (Cynthia Harmon) အဖြစ် ဒေါ်ရစ် နိုလန် (Doris Nolan)
- စတီဖန် ဟာမွန် (Stephen Harmon) အဖြစ် ဖရက်ဒရစ် ဝိုလော့ (Frederick Worlock)
- ဘက်ဆေး ရန္နာ (Basil Renner) အဖြစ် အဲလဘတ် ဘက်ဆာမန်း (Albert Bassermann)
- အတ် ဘရိုင်ယန် (Art Bryan) အဖြစ် အက်ဒဆန် ရစ်ချတ် (Addison Richards)
- ဆန်းရှိုင်း (Sunshine) အဖြစ် ဟယ်ရီ အယ်လန် (Harry Allen)
- ခရန် (Khran) အဖြစ် ဖရန့် လပ်တင်း (Frank Lackteen)
- ခူဒါ (Khuda) အဖြစ် စတန်လီ ပရိုက် (Stanley Price)
မြန်မာမှ ပိတ်ပင်ခြင်း
ပြင်ဆင်ရန်ဇာတ်လမ်း၌ အလုပ်သမားများနေရာတွင် အိန္ဒိယလူမျိုးများအား အသုံးပြုထားခြင်း၊ အိန္ဒိယဝတ်စုံများကိုသာ အဓိက ပုံဖော်ခြင်းတို့ကြောင့် မြန်မာတို့အား သိက္ခာကျစေသည်ဟု ယူဆကာ မြန်မာပြည်ရုပ်ရှင် ဆင်ဆာဘုတ်အဖွဲ့က ပြသခွင့် ပိတ်ထားသည်။ [၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Moon over Burma (1940) - Overview။ TCM.com။ 2015-03-20 တွင် ပြန်စစ်ပြီး။
- ↑ Crowther၊ Bosley (1940-12-12)။ Movie Review - A Dispatch from Reuters - THE SCREEN IN REVIEW; Four New Films Open Here: 'Third Finger, Left Hand,' With Myrna Loy-A Dispatch From Reuters, 'Moon Over Burma' and 'Gallant Sons'။ NYTimes.com။ 2015-03-20 တွင် ပြန်စစ်ပြီး။
- ↑ ဂျာနယ်ကျော်။ အတွဲ ၉ အမှတ် ၅။ ၁၉၄၁၊ မေ။