စပိတ်ဇာ အာကာသ တယ်လီစကုပ်
စပိတ်ဇာ အာကာသ တယ်လီစကုပ် သည် အနီအောက်ရောင်ခြည် အာကာသ တယ်လီစကုပ်ဖြစ်ပြီး နာဆာ၏ Great Observatories မှ စတုတ္ထအကြိမ်နှင့် နောက်ဆုံး အစီစဉ်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ အလုပ်လုပ်နေဆဲဖြစ်သည်။
စပိတ်ဇာ အာကာသတယ်လီစကုပ်အား အနုပညာရှင်မှ စိတ်ကူးပုံဖော်ထားပုံ | |||||||||
နာမည် | Space Infrared Telescope Facility | ||||||||
---|---|---|---|---|---|---|---|---|---|
မက်ရှင်အမျိုးအစား | အနီအောက်ရောင်ခြည် အာကာသ တယ်လီစကုပ် | ||||||||
အော်ပရေတာ | NASA / JPL / Caltech | ||||||||
COSPAR အိုင်ဒီ | 2003-038A | ||||||||
ဂြိုလ်တု ကတ်သလောက်နံပါတ် | 27871 | ||||||||
ဝဒ်ဆိုဒ် | http://www.spitzer.caltech.edu/ | ||||||||
မက်ရှင်ကြာမြင့်ချိန် | Planned: 2.5 to 5+ years[၁] Primary mission: 5 years, 8 months, 19 days Elapsed: 21 years, 2 months, 14 days | ||||||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||||||
ထုတ်လုပ်သူ | Lockheed Ball Aerospace & Technologies | ||||||||
ပစ်လွှတ် ထုထည် | ၉၅၀ kg (၂,၀၉၄ lb)[၁] | ||||||||
ခြောက်သွေ့ ထုထည် | ၈၈၄ kg (၁,၉၄၉ lb) | ||||||||
Payload ထုထည် | ၈၅၁.၅ kg (၁,၈၇၇ lb)[၁] | ||||||||
မက်ရှင် စတင်ခြင်း | |||||||||
ပစ်လွှတ်နေ့ | 25 August 2003, 05:35:39UTC[၂] | ||||||||
ဒုံးပျံ | Delta II 7920H[၃] | ||||||||
ပစ်လွှတ်နေရာ | Cape Canaveral SLC-17B | ||||||||
အလုပ်ဝင် | 18 December 2003 | ||||||||
ပတ်လမ်း ပါရာမီတာများ | |||||||||
ရည်ညွန်းစနစ် | Heliocentric[၁] | ||||||||
အုပ်စု | Earth-trailing[၁] | ||||||||
ပတ်လမ်း စက်ဝိုင်းကျမှု | 0.011[၄] | ||||||||
Perihelion | 1.003 AU[၄] | ||||||||
Apohelion | 1.026 AU[၄] | ||||||||
နိမ့်ဆင်းမှု | 1.13°[၄] | ||||||||
ကာလ | 373.2 days[၄] | ||||||||
Epoch | 16 March 2017 00:00:00 | ||||||||
ပင်မ တယ်လီစကုပ် | |||||||||
အမျိုးအစား | Ritchey–Chrétien[၅] | ||||||||
အချင်း | ၀.၈၅ m (၂.၈ ft)[၁] | ||||||||
ဖိုကယ် အလျား | ၁၀.၂ m (၃၃ ft) | ||||||||
လှိုင်းအလျား | infrared, 3.6–160 µm[၆] | ||||||||
| |||||||||
|
စီမံကိန်း ကာလမှာ ၂.၅ နှစ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဟီလီယံ အရည် ကုန်ဆုံးသွားခဲ့သည်။[၇] ဟီလီယံ အရည် မရှိပါက တယ်လီစကုပ်၏ ပစ္စည်းများကို အပူပေးရန် ပြဿနာရှိသောကြောင့် ယခုလက်ရှိတွင် Spitzer Warm Mission အဖြစ် ဆက်လက် လုပ်ဆောင်နေသည်။ [၈] အခြား အာကာသ တယ်လီစကုပ်များသည် နာမည်ကြီး နက္ခတ္တပညာရှင်များ၏ အမည်များကို အသုံးပြုသော်လည်း စပိတ်ဇာအတွက် နာမည်ကို အများပြည်သူဆီမှ အကြံတောင်းဆိုခဲ့သည်။ သို့သော် နာဆာ၏ သမားရိုးကျနည်းလမ်းအတိုင်း နက္ခတ္တဗေဒပညာရှင် Lyman Spitzer အားအစွဲပြု၍ အမည်တပ်ခဲ့သည်။[၉] ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၇၂၀ မီလီယံဖြစ်ပြီး[၁၀] စပိတ်ဇာ အား ၂၀၀၃ ဩဂုတ်လ ၂၅ ရက်တွင် ကိတ်ကာနာဗရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့သည်။[၂] ပင်မမှန်ပြောင်းသည် အချင်း ၈၅ စင်တီမီတာရှိပြီး ဘယ်ရီလီယံသတ္တုဖြင့် ပြုလုပ်ထားသည်။ ၂၀၀၅ ခုနှစ်တွင် စပိတ်ဇာသည် နေစကြဝဠာပြင်ပဂြိုဟ်များ၏ အလင်းကို တိုက်ရိုက်ဖမ်းယူသည့် ပထမဆုံး တယ်လီစကုပ် ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စပိတ်ဇာသည် TRAPPIST-1 ကြယ်စနစ်ရှိ ဂြိုဟ် ၇ စင်းမှ ၅ စင်းကို ရှာဖွေပေးခဲ့ပြီး ယင်းတို့သည် ကမ္ဘာဂြိုဟ်အရွယ်အစား ဂြိုဟ်များဖြစ်ကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ About Spitzer: Fast Facts။ Caltech (2008)။ 2 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2007 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Harwood၊ William။ "300th Delta rocket launches new window on Universe"၊ CBS News via Spaceflight Now၊ 25 August 2003။ 1 December 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 22 April 2016။
- ↑ Spitzer Space Telescope: Launch/Orbital Information။ National Space Science Data Center။ 17 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 April 2015 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ HORIZONS Web-Interface။ Jet Propulsion Laboratory။ 16 March 2017 တွင် ပြန်စစ်ပြီး။
- ↑ About Spitzer: Spitzer's Telescope။ Caltech။ 24 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2007 တွင် ပြန်စစ်ပြီး။
- ↑ 3.2: Observatory Description။ Spitzer Telescope Handbook။ Infrared Science Archive (March 2013)။ 18 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Clavin၊ Whitney။ "NASA's Spitzer Begins Warm Mission"၊ NASA/Caltech၊ 15 May 2009။ ssc2009-12, jpl2009-086။ 26 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Spitzer Science Center။ Cycle-6 Warm Mission။ NASA / JPL။ 4 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2009 တွင် ပြန်စစ်ပြီး။
- ↑ Who was Lyman Spitzer?။ Nasa: For Educators။ California Institute of Technology and the Jet Propulsion Laboratory (11 March 2004)။ 30 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2009 တွင် ပြန်စစ်ပြီး။
- ↑ About the Spitzer Space Telescope။ Caltech။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2016 တွင် ပြန်စစ်ပြီး။