စပိုရို တီဗွီ မျှော်စင် (さっぽろテレビ塔, Sapporo Terebi-tō) သည် လေ့လာမှုဆိုင်ရာ ကုန်းပတ် ပါရှိသည့် ရုပ်သံလွှင့် မျှော်စင်တခုဖြစ်သည်။ ၁၄၇.၂ မီတာ အမြင့်ရှိသည့် မျှော်စင်အား ၁၉၅၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။[] မျှော်စင်သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ ဆပိုရိုမြို့၏ မြောက်ဘက်ပိုင်းရှိ အိုဒိုရီ ပန်းခြံအတွင်းတည်ရှိသည်။

စပိုရို တီဗွီ မျှော်စင်
အိုဒိုရီ ပန်းခြံမှ စပိုရို တီဗွီ မျှော်စင်
Map
အထွေထွေ အချက်အလက်များ
အခြေအနေပြီးစီး
တည်နေရာChūō-ku၊ စပိုရို, ဟော့ကိုင်းဒိုးကျွန်းဂျပန်နိုင်ငံ
ကိုဩဒိနိတ်43°03′40″N 141°21′23″E / 43.06111°N 141.35639°E / 43.06111; 141.35639ကိုဩဒိနိတ်: 43°03′40″N 141°21′23″E / 43.06111°N 141.35639°E / 43.06111; 141.35639
ဖွင့်လှစ်၂၄ ဩဂုတ်၊ ၁၉၅၇ ခုနှစ်
အမြင့်
ကောင်းကင်တိုင် ခေါင်ချွန်း၁၄၇.၂ m (၄၈၃ ft)
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်
ဓာတ်လှေကား
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Tachū Naitō
 
မျှော်စင်၏ ရှုခင်းကြည့်ရာ နေရာ

၁၉၅၇ ခုနှစ်တွင် ဗိသုကာပညာရှင် Tachū Naitō မှ တည်ဆောက်ခဲ့သည်။ ယန်း သန်း ၁၇၀ ကုန်ကျခဲ့ပြီး စပိုရို အခြေစိုက် ရေဒီယိုလိုင်းများ ဖြစ်သည့် AIR-G' နှင့် FM North Wave တို့၏ ထပ်ဆင့်လွှင့် ဧရိယာတိုင်အဖြစ် လုပ်ဆောင်နေသည်။

၁၉၆၁ ခုနှစ်တွင် ဂျပန် အီလက်ထရောနစ် ကုမ္ပဏီဖြစ်သည့် မဆွတ်ရှီတ အီလက်ထရစ် စက်ရုံ (Matsushita Electric Industrial Co.) မှလှူဒါန်းထားသည့် ဒီဂျစ်တယ်နာရီအား တပ်ဆင်ခဲ့သည်။ ကုမ္ပဏီတည်ထောင်သူ မဆွတ်ရှီတ ခိုနိုစုခဲ (Konosuke Matsushita) မှ အကြံဉာဏ်ပေးခဲ့ခြင်းဖြစ်သည်။ နာရီများကို မျှော်စင်၏ မျက်နှာစာ လေးဖက်လုံးတွင် တပ်ဆင်ထားသည်။ ၁၉၉၈ ခုနှစ် နှင့် ၂၀၀၆ ခုနှစ် များတွင် နှစ်ကြိမ်ပြုပြင်ထားပြီးဖြစ်သည်။ မျှော်စင်၏ အတွင်းနှင့် အပြင်အား ၂၀၀၂ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။ ဒုတိယထပ်နှင့် တတိယထပ်များ၏ ကြမ်းခင်းများအား မီးခိုးရောင် ဖျော့ဖျော့မှ အစိမ်းရင့်ရောင်သို့ ပြောင်းလဲထားသည်။ ၂၀၀၆ခုနှစ် တွင် နာရီအား ဒုတိယအကြိမ် ပြင်ဆင်သည့်အခါ LED မီးလုံးများကို တပ်ဆင်ခဲ့ပြီး နာရီအောက်တွင်ရှိသည့် ကြော်ငြာအား "National" မှ "Panasonic" သို့ပြောင်းလဲထားသည်။

၂၀၀၇ ခုနှစ်တွင် မျှော်စင်၏ နှစ်ငါးဆယ်ပြည့် အခမ်းအနားနှင့် အချို့သော ပွဲတော်များအား ကျင်းပခဲ့ကြသည်။[] မကြာသေးမီက အမြင့် ခြောက်ရာ့ငါးဆယ် မီတာ ရှိသည့် တီဗွီ မျှော်စင် အသစ်တစ်ခုကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်ပေါ်ထွက်လာခဲ့သည်။ အစီအစဉ်တွင် မျှော်စင်၏ ထောက်ပံ့နိုင်မှု ဧရိယာသည် ခုနှစ်ထောင့်ရှစ်ရာ စကွဲယားမီတာ ရှိမည်ဖြစ်ပြီး ရှုခင်းကြည့် နေရာသည် အမြင့် ငါးရာ မီတာတွင် ရှိမည်ဖြစ်သည်။[] ၎င်း အစီအစဉ် အလုပ်ဖြစ်ခဲ့ပါက မျှော်စင် အသစ်၏ အမြင့်သည် တိုကျို မျှော်စင် (၆၃၄ မီတာ)အား ကျော်လွန်လိမ့်မည် ဖြစ်သည်။ မျှော်စင်အသစ်သည် ရုပ်မြင်သံကြား မျှော်စင်အပြင် ဟိုတယ်ခန်းများ၊ ရုံးခန်းများနှင့် အားကစား ပစ္စည်းများထားရှိရန် စီစဉ်ထားသည်။

ဖော်ပြချက်

ပြင်ဆင်ရန်
 
အိုဒိုရီ ပန်းခြံမှ တွေ့မြင်ရသည့် မျှော်စင်မြင်ကွင်း
 
အိုဒိုရီ ပန်းခြံမှ တွေ့မြင်ရသည့် မျှော်စင်၏ ညမြင်ကွင်း

မြေညီထပ်တွင် သတင်းအချက်အလက် စင်တာနှင့် စတိုးဆိုင်များ ရှိသည်။ ဘက်စုံးသုံးခန်းမနှင့် အုပ်ချုပ်မှုဆိုင်ရာ ရုံးခန်းသည် ဒုတိယအထပ်တွင် ရှိသည်။ လက်ဆောင်ပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်များသည် တတိယ အထပ်တွင် ရှိသည်။ မြေအောက်ထပ်သည် Aurora Town၊ မြေအောက်ဈေးဝယ်စင်တာများ နှင့်ဆက်သွယ် ထားသည် "Tele-chika Gourmet Court" ဟုခေါ်သော စားသောက်ဆိုင်များလည်း ရှိသည်။

ဆပိုရို တီဗွီ မျှော်စင်၏ တရားဝင် ထုတ်ပြန်ထားသည့် လာဘ်ကောင်မှာ "Tawakkie" ဖြစ်ပြီး အတည်မပြုထားသည့် လာဘ်ကောင်မှာ (Television Daddy)ဟုသိကြသည့် "Terebi-Tōsan"ဖြစ်သည်။

လည်ပတ်သူများသည် တတိယထပ်မှ လက်မှတ်ဝယ်ယူကာ အဆိုပါ အထပ်ရှိ ဓာတ်လှေကားမှတဆင့် မျှော်စင်ဧရိယာသို့ တက်ရောက်နိုင်သည်။ ထိုနေရာမှ အိုဒိုရီ ပန်းခြံ (Odori Park)၊ အိုးခုရ တောင် (Mount Ōkura) နှင့် မာရု တောင် (Maruyama) တို့ကို ကြည့်ရှုနိုင်သည်။ မြို့တော်၏ ထင်ရှားသည့် ပြယုဂ်ဖြစ်သော်လည်း မကြာသေးမီက အိုဒိုရီ ပန်းခြံတစ်ဝိုက်တွင် တည်ဆောက်ခဲ့သည့် အထပ်မြင့် အဆောက်အဦများကြောင့် မျှော်စင်၏ ထင်ရှားမှုအား လျော့ကျစေသည်။

ကျော်ကြားမှုများ

ပြင်ဆင်ရန်

အကိုးအကား

ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်