စမ
သုပညာနဂရဆိန္နမင်းလက်ထက် သာသနာ သက္ကရာဇ် (၆၂၉) ခုနှစ်တွင် ဥတ္တရသီရိ မထေရ် စီရင်သည်ဟု ဆိုသော ကပ္ပါလင်္ကာရ ကျမ်း အလိုအရ မြန်မာ အက္ခရာတို့တွင် စာဖိုနှင့် စာမ ဟူ၍ အက္ခရာ နှစ်မျိုး ရှိသည်ဟု ဆိုသည်။ဂဠုန် ငှက်ဟု အမှတ်သညာပြုကြသော နေမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာဖိုအက္ခရာများဖြစ်ကြ၍ ကရဝိက် ငှက်ဟု အမှတ်သညာ ပြုကြသော လမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာမအက္ခရာများ ဖြစ်ကြသည်။ စာဖိုကို စဖို ဟူ၍လည်းကောင်း၊ စာမကို စမ ဟူ၍လည်းကောင်း အသံထွက်လေ့၊ ရေးလေ့ ရှိကြသည်။
နေညွှန်းစာ
ပြင်ဆင်ရန်နေသည် တစ်နေ့သုံးကြိမ် အက္ခရာပြသည်။
နေထွက်စ (ဂ) ငယ်ပုံ
မွန်းတည့် (ဝ) လုံးပုံ
နေဝင် (ဂ) ငယ်ပုံ
လညွှန်းစာ
ပြင်ဆင်ရန်လသည် တစ်လတွင် အက္ခရာ ငါးလုံးပြသည်။
လဆန်း ၃-ရက် (ဂ) ငယ်ပုံ
လဆန်း ၈-ရက် (ဓ) အောက်ခြိုက် ပုံ
လပြည့် (ဝ) လုံးပုံ
လဆုတ် ၈-ရက် (ဗ) ထက်ခြိုက် ပုံ
လကွယ်ခါနီး (ပ) စောက် ပုံ
စမ (စာမ) အက္ခရာများတွင် မူလ စမ အက္ခရာ နှင့် ဓာတ်စမ အက္ခရာ ဟူ၍ နှစ်မျိုးရှိသည်။
မူလစမအက္ခရာတို့သည် ကာယ၊ သုခ၊ ပီယ၊ ဓနဟူသော သိဒ္ဓိ လေးပါးကို ပြီးမြောက်စေနိုင်သည်။
ဓာတ်စမ အက္ခရာများကား ဓနနှင့် ပီယဟူသော သိဒ္ဓိနှစ်ပါးကို ပြီးမြောက်စေနိုင်သည်။
ရှေးဆရာကြီးတို့သည် နေ၊ လ ပြ အက္ခရာများ၊ မူလ အက္ခရာများကို ယူ၍ (စ ဓ ဗ ဝ) ကာယ၊ သုခ၊ ပီယ၊ ဓန၊ သိဒွိကြီး ၄-ပါးကို စီရင်ကြသည်။ ထွက်ရပ်ပေါက် နိုင်၏။
မူလစမ
ပြင်ဆင်ရန်လမင်းသည် မူလအက္ခရာ တစ်လုံး၊ ဘူတအက္ခရာ ၄ လုံး ပေါင်း (၅) လုံးကို တစ်လလျှင် (၅) ကြိမ်ပြသည်။ လဆန်း ၃၊ ၄ ရက်တို့တွင် လ၏သဏ္ဌာန်သည် “ဂ” အက္ခရာနှင့် တူ၏။ ယင်း “ဂ” အက္ခရာသည်ပင် လမင်းပြသော ဘူတ အက္ခရာဖြစ်သည်။ လဆန်း (၈) ရက်ခန့် ရောက်သောအခါ “ဓ” အက္ခရာပုံ မြင်ရသည်။ လပြည့်နေ့တွင်ကား လ၏အဝန်းကို အကုန်အစင် တွေ့ရသဖြင့် “ဝ” အက္ခရာ သဏ္ဌာန် ဖြစ်သည်။ လဆုတ် (၈) ရက်ခန့်တွင် လသည် “ဗ” အက္ခရာနှင့် တူ၍ လကွယ်ခါနီးတွင် “ပ” အက္ခရာသဏ္ဌာန် တွေ့မြင့်ရ၏။ ယင်းသို့အားဖြင့် လမင်းပြသော အက္ခရာများမှာ “ဝ” အက္ခရာဟူုသော မူလအက္ခရာ တစ်လုံးနှင့် ဂ၊ ဓ၊ ဗ၊ ပ ဟူသော ဘူတ အက္ခရာ (၄) လုံးဖြစ်သည်။
လမင်းပြသည့် အက္ခရာ (၅) လုံးတွင် အစအက္ခရာ (၂) လုံးဖြစ်သော (ဂ၊ ဓ) နှင့် အဆုံးအက္ခရာ နှစ်လုံးဖြစ်သော ( ပ၊ ဗ ) တို့ သဘောချင်း တုူညီကြသည်ဟု ဆိုသည်။ အကြောင်းကား “ဂ” ကို လှန်လျှင် “ပ” ဖြစ်၍ “ဓ” ကိုလှန်လျှင် “ဗ” ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းအက္ခရာ (၅) လုံးတို့မှ “ဂ” နှင့် “ဗ” နှစ်လုံးကို ပယ်လျှင် ( ပ၊ ဝ၊ ဓ ) ဟူ၍ အက္ခရာ (၃) လုံးသာ ကျန်၏။ နေမင်းမှ အက္ခရာနှင့် လမင်းမှ အက္ခရာတို့ကို ပေါင်းလျှင် ( က၊ ဂ၊ ပ၊ ဝ၊ ဓ ) အက္ခရာ ငါးလုံး ရပြန်၏။ ထိုအက္ခရာ ငါးလုံးတွင် ဘူတ အက္ခရာများဖြစ်သော “က၊ ပ၊ ဓ ” အက္ခရာ သုံးလုံးကို အထက်အောက် လှန်လိုက်၍ ပြန်ပေါင်းလျှင် “ က၊ ပ၊ ဓ၊ ယ၊ ဂ၊ ဗ ” ဟူသော အက္ခရာ ခြောက်လုံး ရ၏။ မူလ အက္ခရာ “ဝ” နှစ်လုံး ပေါင်းလျှင် ရှစ်လုံး ရ၏။ ယင်းအက္ခရာ ရှစ်လုံးကို အထက်အောက် တန်းစီ၍ ထားလျှင် အောက်ပါအတိုင်း ရ၏ -
က၊ | ပ၊ | ဓ၊ | ဝ |
ယ၊ | ဂ၊ | ဗ၊ | ဝ |
ယင်းအက္ခရာ ရှစ်လုံးကို နံသင့်ကောက်၍ ပေါင်းလျှင် (၃၃) ရ၏။
က၊ ပ၊ ဓ၊ ဝ = | ၂+၅+၇+၄ | = ၁၈ |
ယ၊ ဂ၊ ဗ၊ ဝ = | ၄+၂+၅+၄ | = ၁၅ |
၃၃ |
ထို့ကြောင့် က၊ ပ၊ ဓ၊ ဝ၊ ယ၊ ဂ၊ ဗ၊ ဝ ဟူသော အက္ခရာ ရှစ်လုံးတို့သည် အတုမရှိသော အကျိုးကို ပေးစွမ်းနိုင်သည့် စမလေးလုံးတို့ကို ကောက်ယူရာ ကောက်ယူကြောင်းဖြစ်သည့် အခြေခံများ ဖြစ်သည်ဟု အဆို ရှိလေသည်။
ဓာတ်ကြီး (၄)ပါး ဂါထာ
ပြင်ဆင်ရန်စဓဗဝ ဂါထာတော်၊ စမကြီး(၄)လုံး ဂါထာ ဟုလည်း ခေါ်ကြသည်။
စ က္ခုမာစရ မာစိဏ္ဏော၊
ဓ မ္မညူဓမ္မ သာမိကော။
ဗ လူပေတော ဗလဓရော၊
ဝ ရဒေါဒေတု မေဝရံ။
အနက် အဓိပ္ပာယ်
ပြင်ဆင်ရန်ယောဇိနော၊ အကြင် ငါးမာရ်အောင်မြင် ဘုရားရှင်သည်။ စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော် မူပါပေ၏။ (ဝါ) ဉာဏ်မျက်စိအမြင် ကြည်လင်တော် မူပါပေ၏။ စရံ၊ စရဏ အကျင့်တရား တစ်ဆယ့်ငါးပါးကို။အာစိဏ္ဏော၊မပြတ်လေ့ကျက် ကျင့်တော်မူပါပေ၏။ ဓမ္မညူ၊ တရားအားလုံးကို ထိုးထွင်းသိတော်မူပါပေ၏။ ဓမ္မသာမိကော၊ တရားရှင် ဖြစ်တော်မူပါပေ၏။ (ဝါ) တရားကို အစိုးရတော်မူ၏။ ဗလူပေတော၊ ဉာဏ်တော်အား ဆယ်ပါးတို့ကို ဆောင်တော်မူပေ၏။ ဝရဒေါ၊ မြတ်သောနိဗ္ဗာန်ဆုကို ပေးတော်မူတတ်၏။ သောဇိနော၊ ထိုသို့ဂုဏ် ပြည့်စုံထင်ရှား ရှင်တော်မြတ်ဘုရားသည်။ မေ၊ ဘုရားတပည့်တော်အား။ ဝရံ၊ ကုသိုလ်ကြီးဟု မြတ်သောဆုကို။ ဒေတု၊ ကောင်းကျိုးမျိုးမှန် အကျိုးသန်အောင် ဧကန်ထုတ်ဖော် ပေးတော်မူပါစေသတည်။၊ (ဝါ) ပေးတော်မူပါ့ အရှင်မြတ်ကြီးဘုရား။
တစ်နည်း အားဖြင့် အောက်ပါအတိုင်း လည်း အနက် ပြန်ယူကြ လေ သည်။
**-စ,ဓ,ဗ,ဝ, အက္ခရာတို့၏အဓိပ္ပာယ်-** စက္ကုမာစရ မာစိဏ္ဏော=စက္ခုတစ်ထောင်ကို အမြင်ဆောင်တော်မူသောမြတ်စွာဘုရား။ ဓမ္မညူဓမ္မသာမိကော=တရားအားလုံးကိုသိတော်မူသဖြင့် တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရား။ ဗလူပေတော ဗလဓရော=အားနှစ်ပါး, အားငါးပါး, အားတော်ဆယ်ပါးဖြင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရား။ ဝရဒေါဒေတုမေဝရံ=အောင်ဆုအမျိုးမျိုးကိုပေးတော်မူနှိင်သော အောင်ဆုပိုင်ရှင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရှိခိုးပါ၏-ဘုရား။ ။
အကျိုး
ပြင်ဆင်ရန်(ဘာဝနာတရားအားထုတ်သူတို့အတွက် သီလယူပြီး ရွတ်ဆိုလျင် လျင်မြန်စွာတရားတွေ့နိုင်သည့်ပြင် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးစေနိုင်သည်။ နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် ကိုယ်ခန္ဓာ ကြံ့ခိုင်ကျန်းမာမှု၊ ရောဂါဘယ နှင့် ကပ်ရောဂါများ၏ ဘေးမှ ကင်းဝေးစေနိုင်သည်။ စိတ်လေလွင့်ခြင်း၊ ဦးခေါင်းမကြည်လင်ခြင်း၊ တွေဝေခြင်းတို့ကိုပင် ပျောက်ကင်းစေသော ဂါထာတော်ဖြစ်သည်။) [၁] [၂]