စမုန်ငါးမျိုးရှိရာ ယင်းတို့မှာ စမုန်စပါးစမုန်ဖြူစမုန်နီစမုန်ညို စမုန်နက်စမုန်နွယ်တို့ ဖြစ်ကြသည်။

 
စမုန်စပါး

စမုန်စပါးပင်သည် နှစ်ကြာခံပင်မျိုး ဖြစ်၏။ ရုက္ခဗေဒ အမည်မှာ 'ဖိုးနီကူလမ် ဗာဂါရီ' ဖြစ်သည်။ စမုန်စပါးပင်သည် ၄ ပေမှ ၅ ပေအထိ မြင့်သည်။ အဝါပွင့်များ ပွင့်သည်။ ဥရောပတိုက် တောင်ပိုင်းဒေသများတွင် အရိုင်းပေါက်၏။ ဥရောပတိုက်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် အနှံ့အပြား စိုက်ပျိုးကြ၏။ အရွက်နှင့် အစေ့မှာလည်း မွှေး၏။ အပင်နှင့် အစေ့ နှစ်မျိုးစလုံးကို ဆေးဝါး၊ အရက်၊ သကြားခဲနှင့် အခြား အစားအသောက်များတွင် အနံ့ကောင်း စေရန်အတွက် အသုံးပြု၏။ စမုန်စပါးမှ စမုန်စပါးဆီကို ထုတ်ယူကြ၏။ ထိုအဆီ ကို ဆပ်ပြာနှင့် အမွှေးအကြိုင် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုကြ၏။ စမုန်စပါးဆီမှာ လေနိုင်ဆေးတစ်မျိုးပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံတို့၌ စမုန်စပါးကို ကွမ်းယာနှင့် ရော၍ စားလေ့ရှိ၏။

ရုက္ခဗေဒ အလိုအားဖြင့် စမုန်ဖြူကို 'အင်နီဆိုချီလပ်ကာ နိုဆပ်'၊ စမုန်နက်ကို 'နိုင်ဂျဲလား ဆက်တီဗား'၊ စမုန်နီကို 'လီပီဒီအမ် ဆက်တီဗမ်'၊ စမုန်နွယ်ကို 'မိုမော်ဒီကာ ကိုချင်ချီ အင်ဆစ်' ဟူ၍ ခေါ်သည်။ စမုန်နက်မှာ အရောင်နက်သည်။ စမုန်နက်ကို အမူးအမော်အတွက် ကောင်းသည်ဟူ၍ လူ မမာများ ရှူကြသည်။ စမုန်နီအစေ့များကို ဝမ်းကိုက်ရောဂါ ကုသရာ၌ ဆေးအဖြစ် အသုံးပြုကြသည်။ စမုန်နီအရွက်ကို စားရသည်။ စမုန်နွယ်စေ့ကိုပြုတ်၍ ရင်ကျပ်နာပျောက်ဆေး ဖော်ယူတတ်ကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)