ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို စရိုက် ဟုခေါ်သည်။ စရိုက်သည် အမှုအကျင့် တစ်ခုကို အသိစိတ်မှ တမင်ကြံစီခြင်းမရှိပဲ မသိစိတ်မှ အလိုလို ဖြစ်ပေါ်ကာ ဆက်တိုက် ပုံမှန် ပြုကျင့်ရာမှ စွဲမြဲဖြစ်ပေါ်လာသည်။

မြန်မာ အယူအဆတွင် စရိုက် ၆ မျိုးရှိသည်။

  • ရာဂစရိုက်
    ဟိုဟာ ဒီဒင်း အာရုံ မရှက် လိုက်စား၊
  • ဒေါသစရိုက်
    နေရာတကာ ရှူး ရှဲ အမြဲစိတ်တို၊
  • မောဟစရိုက်
    ထိုင်းထုံ ဖျင်းအ၊ အောက်ကျ နောက်ကျရှိ၊
  • သဒ္ဓါစရိုက်
    ရတနာ သုံးပါး လွန် ကြည်ညို၊
  • ဗုဒ္ဓိစရိုက်-ပညာစရိုက်
    အရာရာ ထက်မြက် စဉ်စား ဆင်ခြင် ပြောတိုင်းမယုံ၊
  • ဝိတက်စရိုက်
    အကြံအစည်များပြီး အလုပ်မတွင်တတ်။

ကိုးကား ပြင်ဆင်ရန်