စရိုပင်
Piper cubeba Hunter (စရိုပင်)
ပြင်ဆင်ရန်- Botany Term : Piper cubeba Hunter
- Species/Family : Poperaceae
ပုံသဏ္ဌာန် : အပင် : နွယ်ပင်မျိုးဖြစ်သည်။
အရွက် : ကွမ်းရွက်နှင့်ဆင်ပြီး ရွက်ထိပ်ချွန်၍ ရွက်ကြောထင်ရှားသည်။ ရွက်ရင်းအဝိုက်သေးငယ်၍ မညီညာချေ။ ရွက်နားညီ၍ ရွက်ပြားချောပြီး အပေါ်မျက်နှာပြင် အဖောင်းအကြွကလေးများ ရှိ၏ ။ ရွက်ညှာ ၁ လက်မခန့်ရှည်၍ ထင်ရှားသော မြောင်းပါရှိသည်။
အပွင့် : ပိတ်ချင်းကဲ့သို့ပင်ဖြစ်သည်။
အသီး : ပိတ်ချင်းသီးတောင့် နှင့် တူ၍ မွှေးကြိုင်သောအနံ့များ ရှိ၏။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အသီး ၊ အမြစ် ၊ အပင်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : စွတ်စိုထိုင်းမှိုင်းသော ဒေသများတွင် ဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စရိုသည် စပ်၏ ၊ ပူ ၏ ၊ ခါး၏ ၊ ကြေကျက်က စပ်၏ ၊ ကြေကျက်လွယ်၏ ၊ ဝမ်းမီးကို တောက်စေသည်။ ပိုး ၊ သလိပ် ၊ လေတို့ကိုနိုင်၏ ။
အသုံးပြုပုံ- အပွင့် :
- ချောင်းဆိုး ၊ ပန်းနာရောဂါပျောက်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အသီး :
- အသီးကို ဝမ်ူဗိုက်ရောင်ခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာစေး ၊ အအေးမိခြင်း အစရှိသည့် ရောဂါများ အတွက်သုံးသည်။
- အစာကြေဆေး ၊ အားကြွဆေး စသည်တို့ ဖော်စပ်ရာ၌လည်း ထည့်သွင်း အသုံးပြုသည်။
အမြစ် :
- အမြစ်သည် အဆိပ်ကို ပြေစေတတ်၏ ။ ချောင်းဆိုး ၊ ရင်ကျပ် ၊ ပန်းနာ ၊ ဒူလာမြင်းသရိုက်ရောဂါနှင့် လေထိုးလေအောင့်ရောဂါအတွက် သုံး၏။
အပင် :
- အပင်ရိုးကို မုန့်ညက်နှင့်နယ်၍ ဆားအနည်းငယ်ထည့်ပြီး ပေါင်းစားလျှင် သွေးကို သန့်ရှင်း စေ၍ သွေးအားတိုးစေပြီး ဒူလာ မီးယပ် ညောင်းညာကိုက်ခဲခြင်းများကို ပျောက်ကင်းစေသည်။ (ငှက်ဖျားပျောက်စ နာလန်ထလူနာများ စားသုံးရန် အထူးသင့်လျော်သည်။ ) [၁]