စာဆိုဗိမာန်
ကွယ်လွန်သူ စာရေးဆရာများ မြုပ်နှံသဂြိုဟ်ရန် ရန်ကုန်မြို့ တာမွေသင်္ချိုင်းတွင် သတ်မှတ်ထားသော သင်္ချိုင်းနေရာဖြစ်သည်။ ထိုသင်္ချိုင်းတွင် မဟာဆွေ၊မောင်ကြည်လင်၊ ငွေတာရီ၊ ဝဇီရာ ၊ရွှေဓား၊ ယုဇနမောင်ခိုင်နှင့် ကာတွန်းဦးဘဂျမ်းစသော စာရေးဆရာများ၏ သင်္ချိုင်းဂူနှင့် သင်္ချိုင်းနေရာများရှိသည်။ ယခုအခါ တာမွေသင်္ချိုင်းတစ်ခုလုံး ဖျက်လိုက်သောကြောင့် စာဆိုတော်များ၏ သင်္ချိုင်းအုတ်ဂူများ ပျက်စီးသွားခဲ့ရရှာသည်။ စာဆိုတော်ငွေတာရီ၏ အုတ်ဂူကိုသာ မိသားစုက အချိန်မီကြံတောသုသာန်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။ ယခုတစ်ဖန် ကြံတော်သုသာန်ဖျက်လိုက်သောကြောင့် ငွေတာရီ အုတ်ဂူကို မြောက်ဥက္ကလာပ ရေဝေးသုသာန်သို့ ပြန်လည်ပြောင်းရွှေ့ဂူသွင်းခဲ့ရပြန်သည်။