စာပေဗိဗာန် စာတမ်းဖတ်ပွဲ(၁၉၃၈)
စာပေဗိဗာန် စာတမ်းဖတ်ပွဲ(၁၉၃၈)
ပြင်ဆင်ရန်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း၊ စာပေဗိမာန်အဖွဲွ့သည် စာပေနှင့် စာနယ်ဇင်း လုပ်ငန်း၏ အရည်အသွေး မြင့်မားတိုးတက်စေရန် စာပေ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများကို ၁၉၆၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ၂၁ နှစ်အတွင်း ၁၇ ကြိမ် ကျင်းပခဲ့သည်။ [၁]
စာပေ နှီးနှောဖလှယ်ပွဲများတွင် စာတမ်းရှင် တင်ပြသော စာတမ်းကို ဆွေးနွေးအကြံပြုလိုသူများ စင်မြင့်ပေါ်သို့ တက်၍ ဆွေးနွေးနိုင်ကြသည်၊ မရှင်းသောအချက်များကို စာတမ်းရှင်က ဖြေကြားရသည်။ စာတမ်းဖတ်ပွဲတွင်မူ ဆွေးနွေးလိုသူများက ဆွေးနွေးလိုသော အချက်များကို စာရွက်တွင်ရေးပြီး စာတမ်းရှင် ထံ တင်ပြရသည်။ စာတမ်းရှင်က တူညီသော ဆွေးနွေးမေးမြန်း ချက်များကို တပေါင်းတည်းဖြေဆို၍ မတူညီသော မေးမြန်းချက် များကို သီးခြားခွဲ၍ ဖြေဆိုသည်။ ကျေနပ်မှုမရှိပါက လူကိုယ် တိုင် ထရပ်၍ မေးနိုင်သည်။ ပညာရပ်ဆိုင်ရာ မြန်မာစာပေ စာတမ်းဖတ်ပွဲကို ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။ ဆေးပညာစာပေစာတမ်း၊ စက်မှုကုန်ထုတ်ရေး စာပေစာတမ်း၊ လူမှုရေး စာပေစာတမ်းနှင့် ယဉ်ကျေးမှု စာပေစာတမ်းဟူ၍ စာတမ်းငါးမျိုး တင်သွင်း ခဲ့သည်။
ဖတ်ကြားတင်သွင်းသော စာတမ်းများ
ပြင်ဆင်ရန်- စဉ် နေ့စွဲ စာတမ်းအမည် ဖတ်ကြားသူ
- ၂၆-၁-၈၃ ဆေးပညာစာပေ ဦးသာတင်(မာဃ)
- ၂၆-၁-၈၃ စက်မှုကုန်ထုတ် ဒေါက်တာ မျိုးသန့်တင်
- ၂၇-၁-၈၃ စိုက်ပျိုးမွေးမြူရေးစာပေ ဦးလှသိန်း (ပေါင်းတည်မင်းသိမ်း)
- ၂၇-၁-၈၃ လူမှုရေးစာပေ ဦးသန်းထွတ်(တိုက်စိုး)
- ၂၈-၁-၈၃ ယဉ်ကျေးမှုစာပေ ဦးအောင်သိန်း(နန်းညွန့်ဆွေ)
ဆေးပညာစာပေ စာတမ်းတွင် စာအရည်အသွေး ကောင်း သော ဆေးပညာစာပေများ တိုးတက်လာစေရန် ရည်သန်သည်။ ယင်းတွင် သမိုင်းတင်စခေတ်မှ မျက်မှောက်ခေတ်အထိ မြန်မာ့ ဆေးပညာ စာပေများအကြောင်းကို သုတေသနပြုထားသည်။ စက်မှုကုန်ထုတ်ရေး စာပေစာတမ်းသည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အထောက်အကူပြုမည့် စက်မှုကဏ္ဍထုတ်လုပ် မှု တိုးတက်ရန် ရည်ရွယ်သည်။ ပုဂံခေတ်မှ မျက်မှေက်ခေတ် အထိ ကုန်ထုတ်လုပ်ရေး စာပေများကို တင်ပြထားသည်။ စိုက်ပျိုးမွေးမြူရေးစာပေစာတမ်းသည် လယ်ယာနှင့် သားငါး ကဏ္ဍ ကုန်ထုတ်လုပ်ကို အကျိုးပြုသည်။ ပုဂံခေတ်မှ မျက် မှောက်ခေတ်အထိ စိုက်ပျိုးရေးအကြောင်း ရေးသားထားသည့် စာပေကို လေ့လာသုံးသပ်သည်။
လူမှုရေးစာပေစာတမ်းသည် လူနေမှု မြင့်မား ခိုင်မာရေး
အတွက် ဦးတည်သည်။ ယင်းတွင် လူတန်းစားကိစ္စ၊ မိန်းမနှင့်
ယောက်ျား ဆက်ဆံရေးကိစ္စ၊ မိသားစုကိစ္စ၊ မြို့ရွာနိုင်ငံ အခြေ
အနေနှင့် စပ်လျဉ်းသော စာပေကို လေ့လာတင်ပြထားသည်။
ယဉ်ကျေးမှုစာပေစာတမ်းသည် ယဉ်ကျေးမှု ခိုင်မာစေရန်
ရည်သန်သည်။ ယင်းတွင် အတွေး၊ အယူအဆ၊ ကိုယ်ကျင့်
တရား၊ ဓလေ့၊ အခမ်းအနား၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပုံပြင်၊ ဂီတ၊
ဇာတ်သဘင်၊ အက၊ ရုပ်ရှင်၊ ပန်းချီ ပန်းပု၊ ဗိသုကာ၊ ကစား
ခုန်စား၊ အချက်အပြုတ်စသော အကြောင်းများနှင့် စပ်လျဉ်း
သည့် စာပေကို ထုတ်နုတ်တင်ပြထားသည်။ [၂]