စာရိတ္တသီလဆိုတာ ကျင့်ဝတ်ကိုဟောတယ်၊ မိမိပြုအပ်ပြုထိုက်တဲ့ အမိကျင့်ဝတ် အဖကျင့်ဝတ်, သားသမီးကျင့်ဝတ်စတဲ့ ကျင့်ဝတ်မျိုးကို စာရိတ္တသီလလို့ ခေါ်တယ်၊

စာရိတ္တသီလအရာမှာ သည်ကျင့်ဝတ်ကိုဖြည့်ကျင့်ပါမယ်လို့ ဘယ်သူ့ထံမှ ဝန်ခံတောင်းဆိုမှုပြုဖို့ မလိုဘူး၊ အမှန်တကယ် ပြုကျင့်ရမည့် ဝတ္တရားဖြစ်တယ်၊