စာသားမှအသံပြောင်းလဲပေးသောစနစ်
ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
|
စာသားမှအသံပြောင်းလဲပေးသောစနစ် (text-to-speech, TTS)
ပြင်ဆင်ရန်ယခုသင်ဖတ်ရှုနေတဲ့ စာပိုဒ်ကို သင့်ဘေးနားမှ တစ်စုံတစ်ယောက်က အသံထွက်ဖတ်ရှုပေးနေမယ်ဆိုရင် သင့်အတွက် အဆင်မပြေနိုင်ဘူးလား။ ဒီလိုသာဆိုရင် သင့်မျက်လုံးကို အနားပေးထားလို့ရသလို အခြားအလုပ်တစ်ခုခုကိုလည်း တစ်ပြိုင်တည်း လုပ်ကိုင်လို့ရနိုင်မယ်လေ။ ဥပမာ သင်မီးပူတိုက်နေတုန်း ဘေးနားက သင်ဖတ်ရှုလိုတဲ့ စာများကို ဖတ်ပေးနေမယ်ပေါ့။ ဒါပေမယ့် သင်လိုအပ်တဲ့အချိန်တိုင်း ဘေးနားမှာ စာဖတ်ပေးမယ့် လူတစ်ယောက်အမြဲရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါတွေအားလုံးအဆင်ပြေသွားစေဖို့ စာသားမှအသံပြောင်းလဲပေးသောစနစ်က ကူညီပေးပါလိမ့်မယ်။
စာသားမှအသံပြောင်းလဲပေးသောစနစ် ဆိုတာဘာလဲ
ပြင်ဆင်ရန်ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် အခြားသော ကွန်ပျူတာဆက်စပ် ပစ္စည်းများပေါ်တွင် စာသားများကို အသံထွက်၍ ဖတ်ရှုပေးနိုင်သည့်စနစ် ဖြစ်ပါတယ်။
စာသားမှအသံပြောင်းလဲပေးသောစနစ် ဘာကြောင့်လိုအပ်တာလဲ
ပြင်ဆင်ရန်ဤစနစ်ကို မျက်မမြင်တွေ၊ အမြင်အာရုံအားနည်းနေသူတွေ၊ အဖိုးအဖွားတွေအတွက်သော်လည်းကောင်း၊ စာဖတ်ဖို့ အချိန်သီးသန့်မပေးနိုင်သူတွေအတွက်သော်လည်းကောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များကြောင့်သော်လည်းကောင်း နေရာများစွာမှာ အလွန်အသုံးဝင်ပါတယ်။