စားဖိုမှူး
စားဖိုမှူးဆိုသည်မှာ အခြားလူများ အတွက် အသက်မွေးဝမ်းကြောင်း အနေနှင့် ချက်ပြုတ်ပေးသူကို ခေါ်ဆိုသည်။ အခုအချိန်တွင် ချက်ပြုတ်ခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုသူအားလုံးကို စားဖိုမှူးဟု ခေါ်ဆိုကြသော်လည်း ပုံမှန်အားဖြင့် စားသောက်ဖွယ်ရာ ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ပတ်သက်သော ပညာရပ်မျိုးစုံကို အလွန်ကျွမ်းကျင်စွာ တတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပြုသူကို စားဖိုမှူးဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ ပါရီမြို့ တွင် သင်ကြားနေသော စားဖိုမှူးများ (၂၀၀၅) | |
အလုပ်အကိုင် | |
---|---|
အမျိုးအစား | အသက်မွေးဝမ်းကြောင်း |
ပါဝင်လှုပ်ရှားသည့် နယ်ပယ် | ချက်ပြုတ်သည့်ပညာ |
ဖွင့်ဆိုချက် | |
လုပ်ငန်းခွင် | မီးဖိုဆောင်များ၊ စားသောက်ဆိုင်များ၊ဟိုတယ်များ၊ သင်္ဘောများ၊ စစ်တပ် |