အရှင်စိတကပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိခီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်စိတကပူဇကထေရ် သည် လင်းလွန်းပင်စောင့်နတ် ဖြစ်နေ၏။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသောအခါ ဘုရားရှင်၏ လောင်တိုက်တော်ကို ကြည်ညိုလျက် ရှိ၏။ ထို့နောက် လောင်တိုက်တော် ထင်းပုံ၌ တူရိယာကို တီးမှုတ်၍ နံ့သာပန်းကို ကြဲမြှောက်ကာ ပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ “ဥဂ္ဂတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စိတကပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်