စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ
စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အနက်အဓိပ္ပာယ် ပြင်ဆင်ရန်
အမျိုးသမီးသည် စိတ်အကြိုက်တွေ့၍ လိုလားနှစ်သက်သူအား မွှေးသော ကန့်ပလူဥကို ပေး၏။ စိတ်အကြိုက်မတွေ့၍ မလိုလားမနှစ်သက်သူအားမူ နံသော ကြက်သွန်ဖြူဥကို ပေး၏။[၁]
အခြားအသုံးအနှုန်း ပြင်ဆင်ရန်
လိုလျှင် ကန့်ပလူ၊ မလိုလျှင် ကြက်သွန်ဖြူ ဟူ၍လည်း အဆိုရှိသည်။