စိတ် သည် ရန်ကုန်ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးသော ဇာတ်ကားဖြစ်သည်။ ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်၊ အမျိုးသားဇာတ်ဆောင် ဆရာဝန်စာရေးဆရာ မောင်သင်၊ အမျိုးသမီးဇာတ်ဆောင် ဝါဝါဝင်းရွှေ ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ဝါဝါဝင်းရွှေ ၏ ပထမဆုံး ဇာတ်ကားလည်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ပြည်တော်သာခေတ်က မြိတ်မြို့-ရန်ကုန်မြို့တလျှောက် ပြေးဆွဲသော ပြည်တော်အေး သင်္ဘောပေါ်တွင် ဇာတ်လမ်းကို အခြေတည်ထားသည်။ ထိုသင်္ဘောတွင် ပါလာသော ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အချစ်ဇာတ်လမ်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်