စိန့်မတ်သီယာချတ်ကျောင်းတော်၊ လက်ရှာပသီယာ

စိန့်မတ်သီယာချတ်ကျောင်းတော် သည် သီရိလင်္ကာနိုင်ငံ၊ မိုရတုဝမြို့တွင် တည်ရှိသည့် ချတ်ကျောင်းတော်တစ်ခု ဖြစ်သည်။ ချတ်ကျောင်းတော်သည် လက်ရှာပသီယာတွင် တည်ရှိသည်။ ကိုလံဘို - ဂယ်လီ(A2)လမ်းမပေါ်ရှိ ဆွိုင်းစပူရလမ်းဆုံမှ ခန့်မှန်းခြေ ၁.၁ ကီလိုမီတာ (၀.၆၈ မိုင်) အကွာတွင် တည်ရှိသည်။ ဤကျောင်းတော်ကို ၁၈၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် (စိန့်မတ်သီယာနေ့) တွင် ကိုလံဘို၏ လေးယောက်မြောက် ဂိုဏ်းအုပ် Rt. Revd. Dr. Reginald Stephen Copleston က သွတ်သွင်းခဲ့သည်။

St Matthias’ Church
အချက်အလက်များ
တည်နေရာLakshapathiya, Moratuwa, Sri Lanka
ကိုဩဒိနိတ်06°47′57.1″N 79°52′41.4″E / 6.799194°N 79.878167°E / 6.799194; 79.878167ကိုဩဒိနိတ်: 06°47′57.1″N 79°52′41.4″E / 6.799194°N 79.878167°E / 6.799194; 79.878167
ဘာသာရေး နှီးနွယ်မှုAnglican
ခရိုင်Colombo
စီရင်စုWestern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
လှူဒါန်းသည့်နှစ်26 February 1876
လက်ရှိအခြေအနေActive
ဗိသုကာ
ဗိသုကာ အမျိုးအစားChurch
တည်ထောင်သူCharles Henry de Soysa[၁]
ပန္နက်ရိုက်24 February 1872
ပြီးစီး1875

သမိုင်း ပြင်ဆင်ရန်

လက်ရှာပသီယာရှိ ပထမဆုံးသော ချတ်စာသင်ကျောင်းကို ၁၈၄၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကျောင်းအဆောက်အဦကို တနင်္ဂနွေနေ့များတွင် ချတ်ကျောင်းလုပ်ငန်းဆောင်တာများအတွက် လုပ်ဆောင်ရန် အသုံးပြုခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် Abraham Mendis သည် ကိုလိုနီ Chaplain နှင့် မိုရတုဝဒေသအတွက် လက်ရှာပသီယာတွင် ချတ်ကျောင်းတော်တစ်ခု တည်ထောင်ရန် စိတ်ကူးရခဲ့ကြသည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် Rev. Mendis သည် နေ့စာသင်ကျောင်းပွဲတော်တစ်ခု ပြုလုပ်ရန် စိတ်ကူးရခဲ့သည်။ ထိုအချိန်တွင် စာသင်ကျောင်းသည် ရဝတဝတ်တီကျောင်းနှင့် လက်ဆာပသိယကျောင်း နှစ်ခုသာ ရှိသည်။ ၁၈၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျောင်းပွဲတော်ကို ကျင်းပခဲ့သည်။ ထိုပွဲ၌ Charles Henry de Soysa သည် ကျေးရွာတွင် ချတ်ကျောင်းတော်အဆောက်အဦအသစ် တည်ဆောက်ရန် ကူညီမည်ဟု သဘောတူခဲ့ကြသည်။ [၂]

အဆောက်အဦအောက်ခံကျောက်တုံးကို ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကိုလံဘိုရှိ သုံးယောက်မြော်ဂိုဏ်းအုပ် Rt. Revd. Hugh Willoughby Jermyn က အုတ်မြစ်ချခဲ့သည်။ သီရိလင်္ကာငွေကြေးစေ့များ အမျိုးမျိုးပါဝင်သည့် ပုလင်းနှင့် စားရေးထွင်းထားသည့် သတ္တုပြားတစ်ခုကိုလည်း ထိုအောက်ခံကျောက်တုံးနှင့်အတူ အုတ်မြစ်ချခဲ့ကြသည်။[၃] ထိုပွဲသို့ chaplain Rev. A. Mendis, Rev. J. Bacon, Mudaliyar Susew de Soysa, and the land donor Charles Henry de Soysa စသူတို့ တက်ရောက်ခဲ့ကြသည်။ ၁၈၇၅ ခုနှစ် အဆုံးပိုင်းတွင် တည်ဆောက်မည်သူ ပြီးစီးခဲ့သည်။ ကျောင်းတော်ကို စိန့်မသီယာနေ့ ၁၈၇၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကိုလံဘို၏ လေးယောက်မြောက် ဂိုဏ်းအုပ် Rt. Revd. Dr. Reginald Stephen Copleston က သွတ်သွင်းပေးခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Charles Henry de Soysa’s 176th birth anniversaryAssociated Newspapers of Ceylon Limited (5 March 2012)။ 29 July 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ St. Matthias’ Church, Lakshapathiya, Moratuwa – 125th AnniversaryUpali Newspapers (13 March 2001)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2017 တွင် ပြန်စစ်ပြီး။
  3. St. Matthias' Church, LakshapathiyaDiocese of Colombo။ 29 July 2017 တွင် ပြန်စစ်ပြီး။