စိန္တာမဏိဂါထာ သည် မန္တန်ပေါင်း (၁၉) မျိုးအနက် အလွန်နာမည်ကြီးသော ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။ ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။[၁]

စိန္တာမဏိဂါထာတော် ပါဠိ ပြင်ဆင်ရန်

၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

၃။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။[၁]

စိန္တာမဏိဂါထာတော် မြန်မာပြန် ပြင်ဆင်ရန်

၁။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ − ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ − ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမဇ္ဈတု − ပြည့်စုံပါစေသတည်း။


၂။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ − တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ − တရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။


၃။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ − သံဃာတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။[၁]

ရွတ်ဖတ်ရကျိုး ပြင်ဆင်ရန်

ဤစိန္တာမဏိဂါထာသည် အလွန်နာမည်ကြီး၍ အကျိုးကျေးဇူးလည်း များသည်။ စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပာယ်ရှိသည်။ အဓိပ္ပာယ်သည် ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည် စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။