ဦးစိန်ထွန်း (၁၉၅၈ ဖွား) သည် မြန်မာတရားသူကြီးတစ်ဦးဖြစ်သည်။[၁]သူသည် မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ၁၂နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။[၂] ယခင်က သူသည် မကွေးတိုင်းတွင် တိုင်းတရားသူကြီးဖြစ်ခဲ့သည်။

စိန်ထွန်း
မကွေးတိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၅ ဇွန်၂၀၂၃
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ယခင်လူကိုယ်တိုင်
ဆက်ခံသူဦးမြင့်သိန်း (တရားသူကြီး)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ပညာရေးနှင့်ဝန်ထမ်းဘဝ ပြင်ဆင်ရန်

၎င်းသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မှနေ၍ ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ ဥပဒေ ဘွဲ့ကို ၁၉၈၀ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။တရားသူကြီးချုပ် ဦးစိန်ထွန်းသည် တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရပြီးနောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းတရားသူကြီး၊ မကွေးတိုင်းဒေသကြီး တိုင်းတရားသူကြီးအထိ တရားရေးဝန်ထမ်းလုပ်သက် (၃၃) နှစ်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၃]

တိုင်းလွှတ်တော်တရားသူကြီးဘဝ ပြင်ဆင်ရန်

တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီး ချုပ်အဖြစ် ၂၀၀၁ ခုနှစ်၊ မတ်လ ၃၀တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က အဆိုပြု ခန့်အပ်တာဝန်ပေးသည်။သူသည် တိုင်းနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များထဲ ၁၂နှစ်ကျော် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခံရသည့် အနည်းငယ်သောတရားသူကြီးချုပ်များထဲ တစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကြာသည်အထိ ထမ်းဆောင်ကာ အငြိမ်းစားယူသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များခန့်အပ်တာဝန်ပေးခြင်းမြန်မာ့အလင်းသတင်းစာ(၂၀၁၁၊မတ်လ၃၁ရက်နေ့ထုတ်)စာမျက်နှာ ၁၀ပေါ်ပါ ဖော်ပြချက် (၃၁ မတ် ၂၀၂၃)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. မကွေးတိုင်းတွင် ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်နှင့် တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွားDVB Burmese (၁၉ ဇန်နဝါရီ ၂၀၂၁)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မကွေးတိုင်းတရားလွှတ်တော်တရားသူကြီးများမကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးမှ ပခုက္ကူအကျဉ်းထောင်ရှိ အကျဉ်းသူ/အကျဉ်းသားများ၏ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ လာရောက်စစ်ဆေးMyanmar Digital News (၂၂ ဒီဇင်ဘာ ၂၀၁၉)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။