စိန်မာဒင် အမည်ရင်းမှာ ဦးဝင်းစိန်ဖြစ်ပြီး ကရင်ပြည်နယ်ဘားအံမြို့၊ နောင်သာလကျေးရွာတွင် အဖ ဦးသိန်းခင်၊ အမိ ဒေါ်ကျိုးရင် တို့မှ မွေးဖွားခဲ့ပြီး သားအငယ်ဆုံး ဖြစ်သည်။

အသက်၁၇ အရွယ်တွင် ကရင်ပြည်နယ် ၌ အောင်ပါတင် အမည်ဖြင့် ကရင်မင်းသားတစ်ဦး အဖြစ် စတင်ကပြခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ရောက်ရှိလာပြီး ဇာတ်သဘင် ပညာများကို ဆက်လက်သင်ယူကာ ဝင်းညီနောင် ဇာတ်တွင် ခေတ်ဝင်းစိန် အမည်ဖြင့် စတင်ကပြခဲ့သည်။ ၁၉၂၄ ခုနှစ် ဝန်းကျင်တွင် စိန်မာဒင် ဇာတ်အဖွဲ့၊ ၁၉၃၃ ဝန်းကျင်ခန့်တွင် မဟာရန်ကုန် စံပြသဘင် စိန်မာဒင် အမည်ဖြင့် ဇာတ်သဘင်ကို တည်ထောင်ကာ ကပြခဲ့သည်။ နောက်ပိုင်းတွင် ဇာတ်နှင့် အော်ပရာ တင်ဆက်မှု များတွင် ဆို၊ ငို၊ ပြော၊ ကောင်းမွန်မှုကြောင့် နာမည်ကျော်ခဲ့ပြီး နိုင်ငံကျော် ဘဲလေးအက နှင့် သေတ္တာသုံးလုံးဆင့်အက တို့ကို ကျွမ်းဘားဖြင့် ကပြသည့် အက တို့၌ ထင်ရှား အောင်မြင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေကြောင့် ဇာတ်သဘင် လောက မှ အနားယူပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) တွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ ကွယ်လွန်ချိန်အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

မြန်မာ့ဇာတ်သဘင်လောက တွင် သားနှစ်ဦးဖြစ်သည့် မိုးဝင်းမိုးမင်း နှင့် မြေးများ ဖြစ်သည့် ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း တို့ကို လက်ဆင့်ကမ်း အနုပညာ အမွေပေးနိုင်ခဲ့သူ ဖြစ်သည်။

၂၀၁၂ မေ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

Weekly Eleven News (No.33 Vol 7)